Skip to main content

အကူအညီပေးရေးအဖွဲ့များ၏ ထောက်ပံ့ကူညီမှု အချိန်မီမရရှိသောကြောင့် ကေအိုင်အိုထိန်းချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည်စခန်းအချို့ ရိက္ခာပြတ်လပ်မှု ဖြစ်ပေါ်နေ






အကူအညီပေးရေး အဖွဲ့များ၏ ထောက်ပံ့ကူညီမှု အချိန်မီမရရှိသောကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခသည်စခန်းအချို့ ရိက္ခာပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း ကချင်ပြည်နယ် လိုင်ဇာမြို့အခြေစိုက် စစ်ဘေးဒုက္ခသည် ကူညီစောင့်ရှောက်ရေးကော်မတီ (IRRC) နှင့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းအချို့မှ သိရသည်။



လက်ရှိတွင် ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၁ဝ ခုကျော်ရှိပြီး စစ်ဘေးဒုက္ခသည် ၈၂ဝဝဝ ဝန်းကျင်ရှိကာ လက်ရှိမိုးကာလဖြစ်သည့်အပြင် တပ်မတော်နှင့် ကေအိုင်အေတို့စစ်ပွဲ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည့် ၂ဝ၁၁ ခုနှစ် နှစ်လယ်ပိုင်းက စတင်ဆောက်လုပ်ခဲ့သော စစ်ဘေးဒုက္ခသည် နေအိမ်များမှာ ပျက်စီးနေသောကြောင့် ပြန်လည်ဆောက်လုပ်ရန် လိုအပ်နေသည်ဟု IRRC ဥက္ကဋ္ဌ ဦးဒွဲပီဆားက ပြောကြားသည်။



ဦးဒွဲပီဆားက“အဓိက အကြီးမားဆုံး အခက်အခဲက စားသောက်ရေးရိက္ခာပေါ့။ ဘာကြောင့်လည်းဆိုတော့ ဘာမှ ဝင်ငွေရှာမယ့်နေရာ မရှိဘူး။ လုပ်ကိုင်စားသောက်မယ့် နယ်မြေလည်း မရှိဘူး။ တောင်ယာခုတ်မယ့် လယ်လုပ်မယ့်နေရာလည်း မရှိဘူးဆိုတော့ ကျွန်တော်တို့က သူများရဲ့အကူအညီကို အားကိုးမျှော်ကိုးပြီးနေရတဲ့ အခြေအနေ ရှိနေတယ်။ ဒုတိယက နေရေး၊ ထိုင်ရေး၊ ကျန်းမာရေး ပညာရေး အဲဒါတွေက အဓိက အခက်အခဲတွေ ကြုံရတယ်” ဟုဆိုသည်။



“အရင်တုန်းက ဆန်၊ ဆီ၊ ပဲ စတာတွေ ဝေတယ်။ အခု တစ်လကျော်လောက်ရှိပြီ ဆန်မဝေသေးတာ။ လောလောဆယ် စားဖို့ဆန်က ရှိနေသေးတယ်။ ဟင်းအတွက်ကတော့ ခက်တယ်။ ယောက်ျားက အလုပ်ရှာဆိုပြီးထွက်သွားတာ တစ်နှစ်ကျော်ကြာပြီ ဘာသတင်းမှမရဘူး။ ကလေးငါးယောက် ရှိတယ်။ ကလေးထိန်းမယ့်သူမရှိတော့ အလုပ်ထွက်လုပ်လို့ကလည်း မရဘူး” ဟု လဂျားယန်မှ မရယ်ဆန်းက ပြောပြသည်။



“ဆန်က ပြတ်တယ်ဆိုတာထက် မရောက်သေးတာပါ။ ဝင်မယ့်ရက် မရောက်သေးလို့ပေါ့။ အခု ရပ်ကွက်ထဲမှာ ထမင်းမစားရတာမျိုးတော့ မရှိသေးပါဘူး။ ဝင်လာမယ့် အဖွဲ့အစည်းတွေ မဝင်လာသေးလို့” ဟု ဂျေယန်းစစ်ရှောင်စခန်းတာဝန်ခံ ဦးဝိုင်းဒူက ဆိုသည်။



စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ရိက္ခာများကို NGO များ တိုက်ရိုက်ကူညီ ထောက်ပံ့ခြင်းမလုပ်ဘဲ Local NGO များကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ Local NGO များက စခန်းအလိုက် တာဝန်ခွဲဝေပေးခြင်းဖြစ်ကြောင်း သိရသည်။



ဦးဒွဲပီဆားက “ဒုက္ခသည် ရှစ်သောင်းကျော်ရဲ့ စားဝတ်နေရေးအတွက် ပြည်တွင်းပြည်ပ အကူအညီပေးရေးအဖွဲ့တွေ ကူညီကြတယ်။ တချို့ဆိုရင် နည်းနည်းငွေရေးကြေးရေး အခက်အခဲကြောင့် ရမယ်ဆိုတဲ့အချိန်မှာ မရတဲ့အတွက်ကြောင့် ဒုက္ခသည်စခန်းမှာ ရိက္ခာပြတ်တာ လောလောဆယ် သတင်းကြားတဲ့ စခန်းတချို့ရှိတယ်။ အခုလောလောဆယ် သတင်းကြားရတာကတော့ မဂါးယန်ဆိုတဲ့ စခန်းပါ။ အပြင်ကနေ ကူညီတဲ့အဖွဲ့အစည်းတွေ ဆက်တိုက်မပေးနိုင်ဘူးဆိုရင်တော့ ဒုက္ခသည်တွေကို အစာအငတ်ထားပြီး လျစ်လျူရှုထားမှာ မဟုတ်ပါဘူး” ဟုဆိုသည်။



လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် လိုင်ဇာမြို့အနီးရှိ စစ်ရှောင်စခန်းများဖြစ်သော ဂျေယန်းနှင့် ဖွန်လွန်ယန်စခန်းများမှ စစ်ဘေးဒုက္ခသည်အချို့သည် တရုတ်နိုင်ငံသားများပိုင်သော ငှက်ပျောခြံ၊ လက်ဖက်ခြံ၊ ကော်ဖီခြံနှင့် ငရုတ်ကောင်းခြံများတွင် နေ့စားလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။



“တရုတ်တွေက သူတို့အချင်းချင်း ၅ဝ ယွမ်ပေးရင် ကျွန်တော်တို့ကို ၃ဝ လောက်ပေးတာပေါ့။ အလုပ်က အမြဲတမ်းရှိနေတာတော့ မဟုတ်ပါဘူး။ ရာသီအလိုက်ပါပဲ” ဟု ဂျေယန်းစခန်းမှ ကိုဒေါင်ဇင်ကဆိုသည်။








from Eleven Daily News http://ift.tt/1oHfRAI

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...