Skip to main content

အစိုးရတာဝန်ရှိသူများနှင့် လူငယ်များ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်မည့် ပြည်ထောင်စုလူငယ်စင်တာ သြဂုတ်လအတွင်း ဖွင့်လှစ်မည်






လူငယ်များက အစိုးရတာဝန်ရှိသူများနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်မည့် ပြည်ထောင်စုလူငယ်စင်တာအား သြဂုတ်လ အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါစင်တာလုပ်ငန်းကော်မတီဝင်တစ်ဦးဖြစ်သူ ကိုသက်ဆွေဝင်းက ဇူလိုင် ၃၀ ရက်တွင် The Daily Eleven သို့ပြောကြားသည်။



"ကျွန်တော်တို့ အခုလူငယ်စင်တာလုပ်ငန်းကော်မတီကိုဖွဲ့ပြီးပြီ။ ဒီနေရာမှာ ကျွန်တော်တို့ဒါရိုက်တာအဖွဲ့ကို လူငယ်တွေနဲ့ချည်းပဲ ဖွဲ့စည်းထားတယ်။ နောက် အကြံပေးအဖွဲ့ကို အစိုးရတာဝန်ရှိသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက တာဝန်ရှိသူအချို့ ပါဝင်ဖွဲ့စည်းသွားမယ်။ ကျွန်တော်တို့ နောက်လူငယ်စင်တာကို ပြည်ထောင်စုလူငယ်စင်တာဆိုပြီး အမည်ပေးတယ်။ ကျွန်တော်တို့စင်တာဖွင့်ဖို့ အပတ်စဉ်တွေ့ဆုံခဲ့ပါတယ်။ အခုစင်တာနဲ့ပတ်သက်ပြီး လူငယ်ရေးရာမူဝါဒတွေက အတည်ဖြစ်သွားပြီဖြစ်သလို ဒါကို သြဂုတ်အတွင်းမှာစဖွင့်မယ်။ ဒီတစ်ပတ်စနေ (သြဂုတ် ၂ ရက်) မှာ အစိုးရတာဝန်ရှိသူတွေနဲ့စတင်တွေ့ဆုံပြီး လုပ်ငန်းစဉ်တွေစတင်မှာပါ" ဟု ကိုသက်ဆွေဝင်းက ပြောကြားသည်။



ပြည်ထောင်စုလူငယ်စင်တာအား ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကာ အဆိုပါလူငယ်စင်တာတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ၀န်ကြီးဌာနတာဝန်ရှိသူများမှ အပတ်စဉ် စနေနှင့် တနင်္ဂနွေတို့တွင် စင်တာသို့လာရောက်ကာ လူငယ်အဖွဲ့အစည်းများ၏ တင်ပြချက်များ၊ အမြင်များနှင့် လိုအပ်ချက်များအား လာရောက်နားထောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော လူငယ်မူဝါဒရေးဆွဲရာတွင် အဆိုပါလူငယ်စင်တာမှ လူငယ်များနှင့် ဆွေးနွေးရရှိသည့်အချက်များအပေါ်မူတည်၍ ရေးဆွဲသွားနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။



"ဒါကျွန်တော်တို့နိုင်ငံမှာတော့ အစိုးရက ပထမဆုံး လူငယ်လှုပ်ရှားမှုတွေအတွက်လုပ်ပေးတဲ့နေရာပေါ့။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်း ဒီစင်တာခွဲတွေဖွင့်နိုင်အောင် ကျွန်တော်တို့လုပ်သွားမှာပါ" ဟု ကိုသက်ဆွေဝင်းက ဆက်လက်ပြောကြားသည်။



မြန်မာနိုင်ငံရှိလူငယ်များနှင့် သက်ဆိုင်ရာ လူငယ်ရေးရာဝန်ကြီးများ အမြဲဆက်သွယ်မှုရှိစေရန်နှင့် လူငယ်အသံများ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများမှ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားထားသည်။








from Eleven Daily News http://ift.tt/1nJp6jV

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...