Skip to main content

မကာအိုတွင် ဆရာငိုခဲ့ရခြင်းအကြောင်း (ဆောင်းပါးရှင် - မောင်စံပေါ) (၁) မကာအိုသွား...



မကာအိုတွင် ဆရာငိုခဲ့ရခြင်းအကြောင်း



(ဆောင်းပါးရှင် - မောင်စံပေါ)



(၁)

မကာအိုသွားဖို့ အကြောင်းဖန်လာကတည်းက လူကဘာလိုလို ဖြစ်နေခဲ့ပါတယ်။ ဒီနေ့ခေတ် လူငယ်များ၊ သူငယ်မများစကားနဲ့ ပြောရရင် ရွစလိကိုထိုးလို့ ဆိုမလားပဲ။



(၂)

မကာအိုမှာ ကညာပျိုတွေပေါတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ ပေါတော့ ဘာလုပ်ရမှာတုန်းမေးတော့ ဗဟုသုတအနေနဲ့ ပြောပြတာတဲ့။ အများစုက ပြည်မကြီးကလာကြပြီး ခန္ဓာကိုယ်ကို အချိန်ပိုင်းနဲ့ ရောင်းတာတဲ့။ လှမယ်။ အရေအတွက်များမယ်။ ဒါပေမဲ့ ဈေးလည်းများတယ်တဲ့။



ဟုတ်၊ ဟုတ်သေးတော့ဗျာ။ သူတို့ကျတော့ အဲဒီမှာ ဈေးကြီးကြီးနဲ့ လာရောင်းတယ်။ ကိုယ့်ဆီကျ ဈေးနှိမ်ပြီး လာဝယ်တယ်။



(၃)

လောင်းကစား ၀ါသနာထုံတဲ့ မိတ်ဆွေတစ်ယောက်ကတော့ မကာအိုမှာ ကာစီနိုတွေ ပေါတယ်လို့ ဆိုပါတယ်။ ဘာလဲဟ ကာစီနိုဆိုတော့ လောင်းကစားရုံကြီးတွေ ပြောတာ။ ခံ့ညားလှပချက်များ ပြောမပြတတ်အောင်ပဲတဲ့။



အောင်မယ်လေးဗျာ ဒါလေးများ လောင်းကစားလုပ်ဖို့များ ကာစီနိုကို တကူးတက သွားရဦးမှာလား။ ဒီမှာ ၀မ်း၊ တူး၊ သရီးတွေနဲ့ ယဉ်ပါးပြီးသား။ ဖုန်းဆက်ရုံနဲ့ ကိစ္စပြီးတယ်လို့ ပြန်ပြောလိုက်တယ်။



(၄)

ဟုတ်သလေဗျာ။ ‘၀မ်း’ ဆိုတဲ့ ဘောလုံး၊ ‘တူး’ ဆိုတဲ့ နှစ်လုံးထီ၊ ‘သရီး’ ဆိုတဲ့ သုံးလုံးထီ(ချဲ)တို့ဆိုတာ နေရာတကာမှာ ရှောင်မလွဲတဲ့ သရဲသုံးကောင်ပေါ့။ သရဲကြီးတော့ ဘီလူး၊ ဘီလူးကြီးတော့ သဘက်အဆင့်တွေ တက်လာလိုက်တာ သဘက်ထက် အဆပေါင်းရာထောင်မက ကြီးထွားကြတော့ ဘာခေါ်ရမှန်းတောင် မသိတော့ဘူး။



ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြရအောင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ညီချက်များဗျာ၊ တူးနဲ့သရီးက နိုင်ငံခြားက ဂဏန်းတွေနဲ့ဖွင့်တာ။ ၀မ်းက နိုင်ငံခြားက ကမ္ဘာကျော် လောင်းကစားဒိုင်ကြီးတွေ ဖွင့်တဲ့ဈေးကို အင်တာနက်ကကြည့်ပြီး ဈေးနှုန်းသတ်မှတ်တာဗျ။ သရေအရှုံးတို့၊ တစ်လုံးပြား ၃၀ နိုင်တို့၊ နှစ်လုံးသရေတို့ စတဲ့ ဘောလုံးလောကနဲ့ ရင်းနှီးတဲ့သူတွေ အများစု သိပြီးသား ဝေါဟာရတွေဟာ အဲဒီကလာတာပေါ့။ ပင်မပွဲကြီးရဲ့ မိနစ် ၉၀ ရလဒ်ကျတော့ ဘော်ဒီတဲ့။ စုစုပေါင်း ဂိုးအရေအတွက်ကိုကျတော့ ဂိုးပေါင်းတဲ့ဗျာ။ လောင်းတဲ့ဘောပွဲတွေကျတော့ နိုင်ငံတကာက ပွဲတွေပါပဲ။



(၅)

မကာအိုက ဟိုအရင်က ပေါ်တူဂီကိုလိုနီ။ ၁၉၉၉ ဒီဇင်ဘာ ၂၀ မှာ လွတ်လပ်ရေးရပြီး တရုတ်ပြည်ရဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသ (Special Administrative Region) အဖြစ် ဆက်တည်ရှိခဲ့ပါတယ်။ ဧရိယာ ၂၉ ဒသမ ၅ စတုရန်းကီလိုမီတာရှိပြီး ၂၀၁၄ (ခန့်မှန်း) လူဦးရေက ၆၁၄၅၀၀ ဖြစ်ပါတယ်။ လူဦးရေရဲ့ ဆယ်ပုံတစ်ပုံခန့် (ခြောက်သောင်းခန့်)ကတော့ မြန်မာတွေ ဖြစ်ပါသတဲ့။



(၆)

မြန်မာတွေထဲက မြန်မာကြီးတစ်ဦးဖြစ်တဲ့ ဆရာကြီးတစ်ယောက် မကာအိုမှာ ရှိပါတယ်။ သူ့နဲ့ တွေ့ဆုံသိကျွမ်း ရင်းနှီးခွင့်ရခဲ့တာ ဆယ်စုနှစ် တစ်စုနီးပါး ရှိခဲ့ပါပြီ။ သြော် ဒီတစ်ခေါက်ရောက်ရင် ဆရာကြီးနဲ့ တွေ့ရဦးမယ်။ သူ့ရဲ့ဘ၀ အတွေ့အကြုံ၊ အတွေးအခေါ်တွေ၊ သက်ကြီးစကား သက်ငယ်ကြားရပေဦးမယ်။ မကာအိုရောက် မြန်မာဆရာကြီးထံမှ မြန်မာဆရာလေး သင်ယူလေ့လာခြင်းပေါ့။



(၇)

မကာအိုကို အရင်ရောက်ခဲ့ဖူးတဲ့ အခေါက်တွေက ဟောင်ကောင်ကတစ်ဆင့် လာခဲ့တာ။ ဟောင်ကောင်ကို လေယာဉ်စီးပြီး သင်္ဘောကြီးနဲ့ ကူးခဲ့တာ။ ဒီတစ်ခေါက်တော့ ဘန်ကောက်-မကာအို တိုက်ရိုက်ခရီးလေယာဉ် စီးခဲ့ပါတယ်။



လေယာဉ်စီးတာကလည်း စီးတယ်သာ ပြောတာပါ။ ထိုင်ပြီး အိပ်လိုက်တာ ခပ်များများရယ်။



(၈)

လေယာဉ်မယ်ရဲ့ လေယာဉ်ဆင်းခါနီး ကြေညာချက် ကြားရချိန်မှာ နိုးလာတယ်။ လေယာဉ်က တဖြည်းဖြည်း နိမ့်ဆင်းလာတယ်။ ညာဘက်ပြတင်းပေါက်ကနေ ကြည့်လိုက်တယ်။ ရေထဲ ဆင်းနေတာပါလား။ ဘယ်ဘက်ပြတင်းပေါက်က ကြည့်ပြန်တော့လည်း ထို့အတူပါပဲ။ ရေပြင်ကြီး။ မြတ်စွာဘုရား၊ တစ်ခုခုတော့ မှားပြီထင်ရဲ့။



မလေးရှားလေယာဉ် အကြောင်းကလည်း ကြားဖူးဖတ်ဖူးခဲ့တာကိုး။ မျက်စိမှိတ်ပြီး ရသမျှ ဘုရားစာတွေ ရွတ်နေဆဲမှာ ဒုတ်ခနဲဆိုပြီး လေယာဉ်ဘီးနဲ့ ပြေးလမ်းထိတော့မှ သက်ပြင်းချနိုင်တယ်။



(၉)

“အဲဒီပြေးလမ်း သေးသေးလေးက ရေထဲမှာ ပိုင်ရိုက်ပြီး ဖောက်ထားတာ။ အခု ဆရာတို့တည်းမယ့် ဟိုတယ်ကြီးတွေက ပင်လယ်ထဲမြေဖို့ပြီး ဆောက်ထားတာ”



ဆရာကြီးက ရှင်းလင်းပြောပြတယ်။ ကားမောင်းရင်း အထပ်ပေါင်းများစွာ၊ အခန်းပေါင်းများစွာ ပါဝင်တဲ့ အဆောက်အအုံတွေ အများကြီး စုနေတဲ့ဆီ လက်ညှိုးထိုးပြရင်း ပြောတယ်။



“အဲဒါ ၀င်ငွေနည်းတဲ့ မရှိဆင်းရဲသားတွေအတွက် အစိုးရက ဆောက်ပေးတာ။ အလကားပေးနေတာနော်။ ရောင်းတာမဟုတ်ဘူး”



“ဗျာ.. အလကား၊ ဟုတ်လား၊ ဘယ်လိုပေးတာလဲ”



“လျှောက်လွှာတင်ရမယ်။ အဲဒီလျှောက်လွှာတွေကို အစိုးရကစီစစ်ပြီး တကယ်လိုအပ်တဲ့ ဆင်းရဲတဲ့လူတွေကို ချပေးတယ်။



“သားသမီးတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ တပည့်တွေတော့ ပွရောပေါ့”



“မရဘူးဆရာ၊ သေသေချာချာ မှန်မှန်ကန်ကန် လုပ်တာပါ”



(၁၀)

မှန်မယ်ဆိုတာ ယုံပါတယ်။ ဆရာကြီးက မဟုတ်တာမလုပ်၊ မမှန်တာ မပြောတဲ့လူ။



မကာအိုရောက်တာ ၂၆ နှစ်ကြာခဲ့ပြီဖြစ်တဲ့ အသက် ၇၀ ကျော် ဆရာကြီးဟာ ၆၀ လောက် ထင်ရအောင် အရွယ်တင် ကျန်းမာပါတယ်။



“ကျန်းမာရေးအတွက်လည်း မပူရဘူးဗျ”



“ခင်ဗျာ၊ ဆရာကြီးပြောတော့ ဒီမှာ ကျန်းမာရေး စောင့်ရှောက်စရိတ်က တအားဈေးကြီးတယ်။ ဖျားနာရင် မလွယ်ဘူးဆို”



“ဟုတ်ပါတယ်။ ဒါပေမယ့် ဒီမှာ ကျောင်းဆရာ၊ ဆရာမတွေကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးတယ်။ တစ်သက်တာအတွက်နော်”



အိုးမိုင်ဂေါ့။ ကောင်းလိုက်တာ။ ကျောင်းဆရာ၊ ဆရာမတွေကို တခြားဝန်ထမ်းတွေထက် လစာအများကြီး ပိုပေးတယ်ဆိုတာတော့ သိထားပါတယ်။



ပင်စင်ယူချိန်မှာလည်း အသက်ကြီးလာတာနဲ့အမျှ လစာပိုရကြောင်း ပြောပြပါတယ်။ လစာမေးကြည့်တော့ ကိုယ့်ဌာန အကြီးအကဲထက်တောင် အပုံကြီးများနေတာ တွေ့ရပါတယ်။



(၁၁)

ဆရာကြီးကို လက်ဆောင်ပေးဖို့ မြန်မာပြည်က လက်ဖက်အကြော်စုံတွေ သယ်လာခဲ့တယ်။ မြန်မာစာ ငတ်ရှာမယ်ထင်ရဲ့ အတွေးနဲ့ပေါ့ဗျာ။ အဲ အိတ်ဖွင့်ပြီး လက်ဆောင်ထုပ်အထုတ်မှာ ဓာတ်မီးထွက်ကျပါရော။



“အဲဒါ ဘာလဲဗျ”



“ဆရာကြီးရယ် မီးပျက်ရင် သုံးရအောင်ပါ”



ဆရာကြီး ရယ်ပလေတယ်။



“ကျွန်တော်ရောက်တဲ့ ၂၆ နှစ်အတွင်းမှာ မီးပျက်တာ နှစ်ခါပဲ ကြုံဖူးတယ်။ ကြာပါပြီ။ ပထမတစ်ခါက သုံးမိနစ်ကြာတယ်။ နောက်တစ်ခါက ငါးမိနစ်ကြာတယ်။ ငါးမိနစ်မီးပျက်ချိန်မှာ တိုင်းသူပြည်သားတွေ ပူညံပူညံဖြစ်တော့ နောက် မီးပျက်ရင် မြန်မြန်ပြန်လာအောင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး အစိုးရက စီစဉ်ပေးတယ်။ အဲဒီနောက် မီးမပျက်တော့တာ အခုထိပဲဗျာ။



မီးမပျက်ရုံသာမက ရေကလည်း ၂၄ နာရီ မပြတ်ပါဘူးတဲ့။ အထပ်အမြင့်ကြီးတွေကို ရေအားကောင်းကောင်း ရပါတယ်တဲ့။



(၁၂)

ဆရာကြီးရဲ့ ဘ၀ဇာတ်လမ်းက ခပ်ဆန်းဆန်းရယ်။ မြန်မာပြည်က ကျောင်းဆရာ။ နောက် သင်္ဘောလိုက်တော့ ပထမ သင်္ဘောပျက်ပြီး မြုပ်။ ဒုတိယသင်္ဘောမှာ ပိုင်ရှင်သူဋ္ဌေးရဲ့ညီက ရိုင်းပျစွာ အနိုင်ကျင့် စေခိုင်းတာကို လက်သီးနဲ့ပြန်ထိုးလို့ အလုပ်ပြုတ်။ မကာအိုရောက်ပြီး ကျောင်းဆရာပြန်လုပ်နဲ့။ အခုတော့ အသက်ကြီးပိုင်းမှာ ပင်စင်စားပြီး စိတ်အေးချမ်းစွာ ဘာသာရေးနဲ့ အသင်းအဖွဲ့ကိစ္စတွေလုပ်ရင်း မြန်မာမိသားစု ကိစ္စတွေကို ဆောင်ရွက်နေပါတယ်။



“ကိုယ့်မြန်မာပြည်လည်း လွမ်းတာပေါ့ဗျာ”



ဝါကျအဆုံးမှာ စကားသံက တိုးဝင်ပျောက်ကွယ်သွားတယ်။ မြန်မာပြည်မှာ မြေတွေအကျယ်ကြီးနဲ့ နေချင်တယ်ဆိုရင်တောင် နေနိုင်တဲ့ အခြေအနေ။ တပည့်သားမြေးတွေတောင်မှာ ဧရာမပုဂ္ဂိုလ်ကြီးတွေ ဖြစ်နေကြပါပြီ။



(၁၃)

အချိန်တန်လို့ ကိုယ့်ကိစ္စ၀ိစ္စ ပြီးတော့လည်း ပြန်ရတာပါပဲ။ ခွဲခွာချိန်ရောက်တော့ စိတ်ကမကောင်း။ မကာအိုရောက် မြန်မာဆရာကြီး မျက်ရည်ဝဲလို့။ မြန်မာပြည်ပြန်မယ့် မြန်မာဆရာလေးလည်း မျက်ရည်လည်လို့။



(မကာအိုတွင် မေ ၂၀ ရက်က ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဂိမ်းပြပွဲ (Photo:AFP))







from Eleven Media Group's Facebook Wall http://ift.tt/1n7f2f4

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...