ချီလီတိုက်စစ်မှူးအား ထိုးကြိတ်ခဲ့သည့်
ဘရာဇီးလ်ပြန်ကြားရေးဒါရိုက်တာ ပါအီဗာ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရ
ချီလီတိုက်စစ်မှူး ပင်နယ်လာအား ထိုးကြိတ်ခဲ့သည့် ဘရာဇီးလ်အသင်းပြန်ကြားရေးဒါရိုက်တာ ရိုဒရီဂိုပါအီဗာအားဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီက တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
ယင်းဖြစ်ရပ်မှာ ဘရာဇီးလ်နှင့် ချီလီတို့ ယှဉ်ပြိုင်ခဲ့သော ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ် ပထမပိုင်းအပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစည်းကမ်းထိန်းသိမ်းရေးကော်မတီက ဗီဒီယိုမှတ်တမ်းများ၊ဓာတ်ပုံများကို ပြန်လည်ကြည့်ရှုစစ်ဆေးကာ ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။
ပါအီဗာကို တစ်ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ခဲ့၍ ပင်နယ်လာက ၎င်း၏ Twitter စာမျက်နှာတွင် ဖီဖာတာဝန်ရှိသူများကို လှောင်ပြောင်ရေးသားခဲ့သည်။
ထိုးကြိတ်ခံခဲ့ရသည့် ချီလီတိုက်စစ်မှူး ပင်နယ်လာ (Photo-AFP)
from Eleven Media Group's Facebook Wall http://ift.tt/TyWWeP
Comments
Post a Comment