UMFCCI အခမ်းအနားတွင် ပြောဆိုခဲ့သည့် စကားများအပေါ်
ဝန်ကြီးဦးအောင်မင်း တောင်းပန်စကား ဆို
ရန်ကုန်-ဇွန်၂၁
၁။ ကျွန်တော်သည် ၁၉၆၇ခုနှစ်တွင် တပ်မတော်သို့ ၀င်ရောက်ခဲ့ပြီး ၂၀၀၂ခုနှစ်အထိ (၃၅) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၃ခုနှစ်တွင် သူရဲကောင်းမှတ်တမ်းဝင် အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ တပ်မမှူး/ တိုင်းမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂။ တပ်မတော်တွင်တာဝန်ယူခဲ့စဉ်ကာလတွင် သစ္စာအဓိဌာန်လေးချက် ကို ဦးထိပ်ပန်ဆင် ပြီး ပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ပါသည်။ တာဝန် ထမ်းဆောင်စဉ်ကာလတွင် နိုင်ငံတော်၊မိဘပြည်သူများ၊ တပ်မတော်နှင့် တပ်မတော်သားများ အပေါ် သစ္စာဖောက်ခဲ့ခြင်းမရှိသလို နောင်လည်း သစ္စာဖောက်မည်မဟုတ်ပါ။
၃။ UMFCCI အခမ်းအနားတွင် ကျနော်ပြောဆိုသည့် စကားများအပေါ် တပ်မတော်သားများ၊ တပ်မတော်မှ အငြိမ်းစားယူထားသည့် ဆရာသမားများ၊မိသားစုများက စိတ်အနှောက်အယှက် ဖြစ်ရသည်ကို သိရ၍ အနူးအညွတ် တောင်းပန်အပ်ပါသည်။
၎။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်မှာ ကျနော့်အနေနဲ့ ဆောင်ရွက် နိုင်တာမှန်သမျှကို အစွမ်းကုန်ကြိုးစားပြီး ဆက်လက်ဆောင်ရွက်သွားပါမယ်လို့လည်း ဂတိပြု အပ်ပါတယ်။
အောင်မင်း
from Popular Myanmar News Journal's Facebook Wall http://ift.tt/1iiqlpA
Comments
Post a Comment