Skip to main content

နိုင်ငံအတွင်း မိုဘိုင်းလ်ဖုန်းများ SIM lock ဖြစ်နေခြင်းကို ဂျပန်အစိုးရ ပယ်ဖျက်သွ...



နိုင်ငံအတွင်း မိုဘိုင်းလ်ဖုန်းများ SIM lock ဖြစ်နေခြင်းကို ဂျပန်အစိုးရ ပယ်ဖျက်သွားမည်



CNET



ကယ်လီဖိုးနီးယား၊ဇွန် ၃၀



ဂျပန်နိုင်ငံအတွင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ၏ ဆင်းမ်ကတ်များကို ဆက်သွယ်ရေး ကုမ္ပဏီများက lock လုပ်ထားကြပြီး လစဉ်ငွေကြေးမြောက်များစွာ ပေးနေရလျက်ရှိရာ

ယခုအချိန်တွင် အစိုးရက ဆင်းမ်ကတ်များ lock လုပ်ခံရခြင်းကို ပယ်ဖျက်စေမည်ဟု ကြေညာခဲ့ကြောင်း ဇွန်လ ၂၉ ရက်က CNET သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ဂျပန်နိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ဆင်းမ်ကတ်များတွင် ကုမ္ပဏီများမှ Lock ချထားခြင်းကို ပယ်ဖျက်စေမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ ဆင်းမ်ကတ် အတွင်း Lock လုပ်ထားခြင်းဖြင့် မိမိတို့၏ ဟန်းဆက်တွင် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုတည်းကိုသာ အသုံးပြုနိုင်ပြီး နောက်ထပ် ဖုန်းလိုင်းလိုချင်ပါက နောက်ထပ်

ဟန်းဆက်တစ်မျိုး ထပ်မံဝယ်ယူရသည်။



ကြေညာချက်ကို ဂျပန်အခြေစိုက် Jiji Press က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးဌာနများအနေဖြင့် ၂၀၁၄ ဘဏ္ဍာနှစ်အတွက် ယင်းအစီအစဉ်၏ အသေးစိတ်အား ဆက်လက် ဖော်ပြသွားမည် ဟု ရေးသားထားသည်။



ယခုလို ဆင်းမ် lock ပယ်ဖျက်ခြင်းသည် အစိုးရအနေဖြင့် နိုင်ငံအတွင်း ဆက်သွယ်ရေး အတွက်ပြည်သူ တို့၏ ကုန်ကျစရိတ် များကို လျော့ချသွားစေရန်ဖြစ်သည်ဟု Jiji Press က ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံအတွင်းရှိ ဆက်သွယ်ရေး အော်ပရေတာများသည် ၎င်းတို့ထံမှ ဖုန်းလိုင်းဝယ်ယူထား သူတို့ အခြား ပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာထံသို့ ရောက်မသွားစေရန် ယခုလို ဆင်းမ်ကတ်များကို Lock လုပ်ထားခြင်း ဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1r50tQz

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...