Skip to main content

ပြည်တွင်း အိုင်တီစွန့်ဦးတီထွင်သူများ Microsoft ၏ bizspark အစီအစဉ်တွင် ၀င်ရောက်အ...



ပြည်တွင်း အိုင်တီစွန့်ဦးတီထွင်သူများ Microsoft ၏ bizspark အစီအစဉ်တွင် ၀င်ရောက်အသုံးပြုနိုင်မည်



စ, ချိုကို



အူရီးဒူးအော်ပရေတာက ဆောင်ရွက်ပေးနေသော စွန့်ဦးထီထွင်ခြင်း IdeaBox အစီအစဉ်တွင် ပါဝင်သော စွန့်ဦးထီထွင်သူများ၊ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာနယ်ပယ်မှ ပညာရှင်များ၊ Developer များ၊ ညွှန်ကြားပြသူများနှင့် ရင်းနှီမြှုပ်နှံသူများအနေဖြင့် Microsoft ၏ Dream Spark နှင့် Bizspark အစီအစဉ်များကို အသုံးပြုနိုင်မည်ဟု Microsoft နှင့် အူရီးဒူးမြန်မာတို့က ဇွန် ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။



Microsoft ၏ Dream spark နှင့် Bizspark အစီအစဉ်များကို အူရီးဒူး၏ ideabox အစီအစဉ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ပြည်တွင်းရှိ စွန့်ဦးတီထွင်သူများ အသုံးပြုနိုင်ရန်အတွက် အူရီးဒူးမြန်မာနှင့် Microsoft ၏ Asia Pacific ဆိုင်ရာ ဥက္ကဋ္ဌ Cesar Cernuda တို့ ဇွန်လ ဒုတိယပတ် အတွင်းက သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။



Microsoft ၏ BizSpark အစီအစဉ်သည် ကမ္ဘာအရပ်ရပ်မှ နည်းပညာ နယ်ပယ်သားများအား ပရိုဂရမ်များ ကို တီထွင်ခြင်းများနှင့် အကောင်အထည်ဖော်ခြင်းများအတွက် cloud နည်းပညာကို သင်ယူရရှိစေခြင်း၊ software များ၊ အထောက်အကူပြု ခြင်းများကို လေ့လာနိုင်မည်ဖြစ်သည်။ ယင်းအပြင် အင်တာနက်ပေါ်ရှိ Window စတိုးဆိုင်များသို့ အခမဲ့ဝင်ရောက်၍ှSoftwareများ အသုံးပြုနိုင်ခြင်းနှင့် ကမ္ဘာ့ BizSpark အသိုင်း အ၀ိုင်းနှင့် ဆွေးနွေးနိုင်မည် ဖြစ်သည်။



Ooredoo မြန်မာ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က “Microsoft ရဲ့ Dreamspark နဲ့ Bizspark အစီအစဉ်ကပေးတဲ့ အသုံးတည့်နည်းလမ်းတွေကို စွန့်ဦး တီထွင်သူတွေက လက်တွေ့ခံစားရ တော့မှာပါ” ဟု ဆိုသည်။



အလားတူ Microsoft ၏ Dream-Spark အစီအစဉ်သည် မျိုးဆက်သစ်လူငယ်စွန့်ဦးတီထွင်သူများ၊ကျောင်း သားများ၊ သင်ကြားလေ့ကျင့်ပေးသူများနှင့် စာပေပညာသင်ကြားရေးဆိုင်ရာ အဖွဲ့အစည်းများ တက္ကသိုလ် များကို အထောက်အပံ့များ ပေးလျက်ရှိသည်။



Microsoft ၏ အာရှပစိဖိတ်ဆိုင်ရာ ဥက္ကဋ္ဌCésar Cernuda က “ကျွန်တော်တို့ အနေနဲ့ နယ်ခံတိုင်းသူ ပြည်သားတွေ သင့်လျော်တဲ့ အရည်အချင်းတွေ ပြည့်ဝလာပြီး တစ်ချိန်တည်းမှာပဲ သူတို့အတွက် အခွင့် အလမ်းတွေ အများကြီးရှိလာလို့ နည်းပညာအစီအစဉ်တွေနဲ့အခုလို ကူညီရတာပါ”ဟု ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1ibOFcz

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...