Skip to main content

အီတလီနှင့် အင်္ဂလန်တို့ကစားမည့် Manaus ကွင်းအတွက် ဝေဖန်မှုများ ရှိနေသော်လည်း ပြဿနာမ...



အီတလီနှင့် အင်္ဂလန်တို့ကစားမည့် Manaus ကွင်းအတွက် ဝေဖန်မှုများ ရှိနေသော်လည်း ပြဿနာမရှိဟု နှစ်သင်းစလုံးဆို



ယနေ့ည (မြန်မာစံတော်ချိန် ၁၅ ရက်နေ့ နံနက် ၄း၃၀ နာရီ) ကစားမည့် အီတလီနှင့် အင်္ဂလန်တို့၏ ကွင်းမြက်ခင်းပြင်အတွက် ဝေဖန်မှုများ ရှိနေသော်လည်း နှစ်သင်းစလုံး၏ နည်းပြများက ကွင်းမှာ ပြဿနာမရှိနိုင်ကြောင်း အသီးသီး ပြောကြားခဲ့ကြသည်။



ဘရာဇီးလ်နိုင်ငံ Manaus မြို့တွင် ကစားမည့် ယင်းပွဲမှာ အပူချိန်မြင့်မားသည့်ဒဏ်ကို ရင်ဆိုင်ရဖွယ် ရှိနေသလို ကွင်းမျက်နှာပြင်မှာလည်း အကောင်းဆုံး အနေအထားတွင် မရှိဟု မီဒီယာများက ကြိုတင်သုံးသပ်ခဲ့ကြသည်။



ပွဲမတိုင်ခင် အီတလီလက်ရွေးစင်နည်းပြ ပရင်ဒယ်လီနှင့် အင်္ဂလန်လက်ရွေးစင်နည်းပြ ရွိုင်းဟော့ဒ်ဆန်တို့က ယင်းကွင်းနှင့်ပတ်သက်၍ ပြောဆိုရာ၌ အကောင်းမြင် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။



ရွိုင်းဟော့ဒ်ဆန်က ကွင်းအတွက် သူ့ထံတွင် ပူပန်မှု တစ်စုံတစ်ရာ မရှိကြောင်း ယခုကဲ့သို့ ပြောကြားခဲ့သည်။ “ကျွန်တော်အခုပဲ အဲဒီကို ရောက်ပြီးပါပြီ။ ကျွန်တော့်အတွက်တော့ အဆင်ပြေပါတယ်။ မြက်ခင်းတွေက တိုသလို၊ ကွင်းကလည်း ပြားပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်မှာပါ။ ကျွန်တော့်အတွက်တော့ စိုးရိမ်စရာ တစ်ခုမှ မမြင်ပါဘူး” ဟု ရွိုင်းဟော့ဒ်ဆန်က ပြောကြားခဲ့သည်။



ထို့အတူ အီတလီနည်းပြ ပရင်ဒယ်လီကလည်း ကွင်းကို အများကမကောင်း ပြောနေသော်လည်း လက်တွေ့တွင် ကောင်းနေကြောင်း ပွဲကြိုမီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ “ကွင်းနဲ့ပတ်သက်ပြီး ပြောနေတာတွေ တော်တော်များပါတယ်။ ကွင်းဟာ အတော်ဆိုးရွားတဲ့ အခြေအနေ ရှိတယ်လို့ ဆိုကြပါတယ်။ အမှန်တကယ်က အတော်ကောင်းမွန်တဲ့ အနေအထားမှာ ရှိတာပါ” ဟု ပရင်ဒယ်လီက ပြောကြားခဲ့သည်။



အီတလီနှင့် အင်္ဂလန်အသင်းတို့သည် နိုင်ငံတကာ ပြိုင်ပွဲကြီးများတွင် နောက်ဆုံးတွေ့ဆုံမှုအဖြစ် ယူရို-၂၀၁၂ ကွာတားဖိုင်နယ် အဆင့်တွင် တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က အီတလီအသင်းက အင်္ဂလန်ကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။



(အီတလီနှင့်အင်္ဂလန်တို့ ကစားမည့် Manaus ကွင်း)







from Eleven Media Group's Facebook Wall http://ift.tt/1lk8zg5

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...