Skip to main content

ဗင်နီဇွဲလား တရားစီရင်ရေး ကျောင်းသားများနှင့် အတိုက်အခံများကို ဖိနှိပ်ဟု ICJ ဆို...



ဗင်နီဇွဲလား တရားစီရင်ရေး ကျောင်းသားများနှင့် အတိုက်အခံများကို ဖိနှိပ်ဟု ICJ ဆို



ဂျနီဗာ၊ ဇွန် ၆



ဗင်နီဇွဲလားနိုင်ငံ၏ တရားစီရင်ရေး အဖွဲ့များက ကျောင်းသားများနှင့် အတိုက်အခံများကို ပစ်မှတ်ထား ဖိနှိပ်နေသော်လည်း ကျန်ရာဇဝတ်မှု ဆယ်ခုတွင် ကိုးခုကို အပြစ်မပေးဘဲ ပြန်လွှတ်ပေးနေသည်ဟု အပြည်ပြည်ဆိုင်ရာ တရားသူကြီးများ ကော်မရှင် (ICJ) က ထုတ်ပြန်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။



ဗင်နီဇွဲလားနိုင်ငံ၌ လေးလကျော်ကြာ ဖြစ်ပွားခဲ့သည့် တစ်နိုင်ငံလုံး အတိုင်းအတာ လူထုဆန္ဒပြပွဲကြီးများတွင် ပါဝင်ခဲ့သည့် ကျောင်းသား ၁၅၀၀ ခန့်မှာ တရားစွဲဆိုခံနေရပြီး ၁၆၀ ခန့်မှာ ထောင်ဒဏ်ကျ ခံနေရကြောင်း အပြည်ပြည်ဆိုင်ရာ တရားသူကြီးများ ကော်မရှင် (ICJ) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။



ကမ္ဘာပေါ်တွင် ရေနံအပေါကြွယ်ဆုံး နိုင်ငံတစ်ခု ဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံတွင် ရာဇဝတ်မှု ထူပြောခြင်း၊ ကုန်ဈေးနှုန်း မြင့်မားနေခြင်း၊ အခြေခံလူသုံးကုန်များ ပြတ်လတ်ခြင်း စသည်တို့ ဖြစ်ပေါ်နေခြင်းကြောင့် သမ္မတ နီကိုလတ်မာဒူရိုကို ဆန့်ကျင်သူများ ဖေဖော်ဝါရီလအတွင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသဖြင့် အနည်းဆုံး လူပေါင်း ၄၂ ဦး သေဆုံးခဲ့သည်။



တရားသူကြီးများနှင့် ရှေ့နေများမှာလည်း ကြီးမားပြင်းထန်သော နိုင်ငံရေး ဖိအားပေး ခံရခြင်းကြောင့် သေဆုံးမှု၊ ဆန္ဒပြသူများ နှိပ်စက်ခံရမှု စသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။



ထို့အပြင် ဗင်နီဇွဲလားနိုင်ငံ၌ ရာဇဝတ်မှုများ မြင့်တက်လာခြင်းကိုလည်း ၎င်းတို့က မျက်စိမှိတ်နေကာ ပြီးခဲ့သည့် နှစ်အတွင်းပင် လူသတ်မှုပေါင်း ၁၅,၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ICJ က ထောက်ပြထားသည်။



“ဒီမိုကရက်တစ် နိုင်ငံတွေမှာ ပြည်သူ့အခွင့်အရေးတွေ ကာကွယ်ဖို့ လွတ်လပ်တဲ့ တရားစီရင်မှု၊ ရှေ့နေ ဝန်ဆောင်မှုနဲ့ ဥပဒေရေးရာ ကျွမ်းကျင်မှုတွေ အရင်ကထက် ပိုလိုနေပါပြီ” ဟု ICJ အထွေထွေအတွင်းရေးမှူး ဝိုင်းဒလာတေလာက ပြောကြားသည်။



ဗင်နီဇွဲလားအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားအောင် လုပ်ဆောင်သည်ဟု စွပ်စွဲပြီး ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် လီယိုပိုဒိုလိုပတ်ကို ကရာကတ်မြို့တော်ရှိ တရားသူကြီးတစ်ဦးက ကြာသပတေးနေ့တွင် တရားစွဲဆိုလိုက်သည်။



“နိုင်ငံရေးသမားတွေနဲ့ အတိုက်အခံတွေ အပေါ်ကို တရားစီရင်ရေးအာဏာ ဘယ်လို အသုံးပြုတယ် ဆိုတဲ့ ဥပဒေတစ်ခုပါ” ဟု ICJ ကော်မရှင်နာ ကားလို့က သတင်းထောက်များကို ပြောကြားသည်။



လွတ်လပ်သော တရားစီရင်ရေးအဖွဲ့ ကင်းမဲ့မှုကြောင့် ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားခဲ့ပြီး ဆန္ဒပြသမားများ အပေါ် ရက်စက်စွာ ပြုမှုများ ဖြစ်ပေါ်အောင် ကူညီပေးနေကြောင်း ဗင်နီဇွဲလား တရားစီရင်ရေးမှာ ပြင်းထန်စွာ ခြိမ်းခြောက်ခံနေရကြောင်း ICJ က ပြောကြားသည်။



ဗင်နီဇွဲလား တရားသူကြီး ၂၀၀၀ နှင့် ရှေ့နေ ၁၅၀၀ ခန့်ကို အမြဲတမ်းရာထူး ခန့်အပ်ထားခြင်း မရှိဘဲ အစိုးရအဖွဲ့က ရာထူးမှ လိုအပ်သလို ဖြုတ်ချပိုင်ခွင့် ရှိခြင်းကြောင့်လည်း တရားစီရင်ရေးအာဏာ ပျက်ယွင်းခြင်း ဖြစ်ကြောင်း ICJ က ထောက်ပြထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1plvVaa

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...