နိုင်ငံတကာသတင်းတိုများ
၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရန် G77 ခေါင်းဆောင်များနှင့် တရုတ်တို့ဆွေးနွေး
ဘိုလီဗီးယားသမ္မတ အီဗိုမိုရေးစ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား ဖျက်သိမ်းရန် တောင်းဆိုခဲ့ပြီး နောက် တရုတ်နိုင်ငံပါဝင်သည့် G77 ခေါင်းဆောင်များ အစည်းအဝေး၌ ၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲမွဲတေ မှုပပျောက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဇွန်လ ၁၆ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြင်သစ်မီးရထား ဆန္ဒပြမှုများ အာဏာပိုင်များ အခက်တွေ့
ဇွန်လ ၁၅ ရက်က ခြောက်ရက် မြောက်နေ့သို့ ရောက်ရှိလာခဲ့သော ပြင်သစ်နိုင်ငံရှိ မီးရထားလုပ်သားများ ၏ ဆန္ဒပြမှုများသည် နောက်ဆုံး စာမေးပွဲဖြေဆိုကြမည့် အထက်တန်းကျောင်းသားများအတွက် အထူး လုပ်ဆောင်စရာရှိသည်များအား လုပ်ဆောင်ရန် အာဏာပိုင်များကို တွန်းအားပေးခဲ့သည်ဟု ဇွန်လ ၁၆ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကိုလံဘီယာသမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဟွမ်မန်နူရယ်ဆန်တို့စ် အနိုင်ရ
ကိုလံဘီယာသမ္မတ ဟွမ်မန်နူရယ် ဆန်တို့စ်သည် ဇွန်လ ၁၅ ရက်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ဒုတိယမြောက်သမ္မတ သက်တမ်းအဖြစ် ပြန်လည်အရွေးခံခဲ့ရသည့်အတွက် မာ့စ်ဝါဒီ သူပုန်များနှင့် ငြိမ်း ချမ်းရေး ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားနိုင်တော့မည်ဟု ဇွန်လ ၁၆ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဟွမ်မန်နူရယ်ဆန်တို့စ်သည် မဲဆန္ဒပေးသူများအနေဖြင့်လည်း ငြိမ်းချမ်းရေးလိုလားသူနှင့် တိုက်ခိုက်ရေး သမားတို့ကြား မဲပေးခဲ့ရသော သမ္မတ ရွေးကောက်ပွဲတွင် လက်ယာယိမ်း အတိုက်အခံ ခေါင်းဆောင် အော်စကာ အိုင်ဗင်ဇူလူဂါအား အနိုင်ရခဲ့ခြင်း ဖြစ်သည်။
တောမီးရှို့ခြင်းကြောင့် ရေသတ္တ၀ါများ အစာနည်းလာ
တောမီးရှို့ခြင်းများကြောင့် မြစ်ရေထဲ သစ်ရွက်ကျခြင်းများ လျော့နည်းလာပြီး ငါးများတွင်လည်း အစာနည်း ပါးမှုများ ဖြစ်ပေါ်လာကြောင်း လေ့လာဆန်းစစ်မှု တစ်ရပ်ကဆိုသည်ဟု ဇွန်လ ၁၆ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
အစာရှားပါးမှုသည် အရွယ်အစား သေးငယ်သော ငါးများကို အကျိုးသက်ရောက်ပြီး အရွယ်အစားကြီးမြင့် လာမှုကိုလည်း လွှမ်းမိုးမှုရှိသည်ဟု သုသေသီများက ပြောကြားသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1n88VI4
Comments
Post a Comment