Skip to main content

ကင်ဝူဘင်းနှင့် ဂိုအာရာအား “Dominos Pizza” ကုန်အမှတ်တံဆိပ် ကြော်ငြာမော်ဒယ်သစ်အဖြစ...



ကင်ဝူဘင်းနှင့် ဂိုအာရာအား “Dominos Pizza” ကုန်အမှတ်တံဆိပ် ကြော်ငြာမော်ဒယ်သစ်အဖြစ်ရွေးချယ်



မင်းသားကင်ဝူဘင်းနှင့် ဂိုအာရာတို့သည် “Dominos Pizza” ကုန်အမှတ်တံဆိပ်၏ မျက်နှာသစ်ကြော်ငြာမော်ဒယ်များအဖြစ် ရွေးချယ်ခံထားရသည်ဟု k pop net တွင်ရေးသားဖော်ပြထားသည်။



၎င်းတို့နှစ်ဦးလုံးသည် အဆိုပါ ကုန်အမှတ်တံဆိပ်ကို ကြော်ငြာပေးမည့် မင်းသား၊မင်းသမီးများအဖြစ် တစ်နှစ်စာချုပ် ချုပ်ဆိုထားပြီးဖြစ်သည်ဟု ဇွန်၈ရက်တွင် “Dominos Pizza”ကုမ္ပဏီက ကြေညာထားသည်။



၎င်းတို့နှစ်ဦး သရုပ်ဆောင်ထားသည့် ကြော်ငြာသစ်ကို ဇွန်၁၃ရက်တွင် ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်မည်ဖြစ်သည်။ “Dominos Pizza” ကုန်အမှတ် တံဆိပ် ကြော်ငြာ အတွက် ဝူဘင်းနှင့်ဂိုအာရာတို့အား ရွေးချယ်ထားခြင်းကို ယခင် နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် ကင်ဆိုဟွန်း၊စူဇီ၊ဂွန်ယို၊ဟန်ရီဆော တို့ကလည်း ထောက်ခံထားကြသည်။



ကင်ဝူဘင်းနှင့် ဂိုအာရာတို့၏ မကြာသေးမီကမှ လူသိများကျော်ကြားခဲ့သည့် သရုပ်ဆောင်မှုများကြောင့် ကုမ္ပဏီက ၎င်းတို့ကို ကြော်ငြာမော်ဒယ်လ်သစ်များ အဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။



“ကင်ဝူဘင်းနဲ့ဂိုအာရာက “Dominos Pizza”ရဲ့ အရည်အသွေးမြင့်မားတဲ့ ဂုဏ်သတင်းကို လူထုဆီအရောက် ပို့ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ကနှစ်လိုဖွယ် ဟန်ပန်အမူအယာတွေနဲ့ ကျွန်တော်တို့ရဲ့ စားသုံးသူတွေနဲ့ ကောင်းကောင်း ဆက်သွယ်ပေးနိုင်မယ်လို့လည်း ယုံကြည် ထားပါတယ်”ဟု“Dominos Pizza”ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားထားသည်။



ကင်ဝူဘင်းသည် မကြာသေးမီကပင် “Maxim Mocha Gold Coffee” ၏ မျက်နှာသစ် ကြော်ငြာမော်ဒယ်အဖြစ် လီနာယောင်းနှင့်တွဲ၍ သရုပ်ဆောင်ပေးခဲ့ပြီး လတ်တလောတွင် ကြော်ငြာမင်းသားအဖြစ် ရေပန်းစားနေသူဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1pZ5IR9

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...