ပြစ်မှုရှိယာဉ်များကို CNG ဌာနနှင့်ပူးပေါင်းအရေးယူမှုပြန်လည်ပြုလုပ်မည်ဟု ရန်ကုန်ယာဉ်ထိန်းတပ်ဖွဲ့ဆို
ကျော်စွာဝင်း
ရန်ကုန်၊ မဇ္ဈိမ။ ။ စည်းကမ်းမဲ့မောင်းနှင်သည့် မော်တော်ယာဉ်လိုင်းများကို ဖမ်းဆီးအရေးယူရာတွင် ပြစ်မှုမှတ်တမ်းရှိ ကားများအား CNG
သဘာဝဓါတ်ငွေ့ ထုတ်ပေးသည့် ဌာနနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သည့် စနစ် ပြန်လည်ကျင့်သုံးရန် ဆွေးနွေးနေသည်ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲအုပ် အောင်မျိုးကပြောသည်။
ယာဉ်ထိန်းတပ်ဖွဲ့နှင့် CNG ဌာန ပူးပေါင်းလုပ်ဆောင်မည့် စနစ်သည် လွန်ခဲ့သည့် ၂၀၁၂ အရှေ့ပိုင်းကာလကတည်းက ကျင့်သုံးခဲ့သည့် စနစ်ဖြစ်ပြီး
ပြစ်မှုရှိကားများကို ယာဉ်ထိန်းရဲစခန်း စည်းတံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်သည်။
“CNG သွားထုတ်တဲ့အခါမှာ သူတို့ကို အဲဒီ့ဌာနက ကျွန်တော်တို့ဆီမှာ ဒဏ်ငွေဆောင်ဖို့ကို သတိပေးမယ်။ နှစ်ကြိမ်သတိပေးလို့မှ မဆောင်ရင်တော့ CNG ဌာနကတစ်ဆင့် ဖုန်းဆက် ယာဉ်ပိုင်ရှင်ခေါ်ပြီး ဒဏ်ကြေးဆောင်ခိုင်းမှာပါ”ဟု ဦးအောင်မျိုးကပြောသည်။
ပြစ်မှုရှိမော်တော်ယာဉ်များ ပြစ်မှုရှောင်ရှားခြင်း မပြုလုပ်နိုင်ရန် ယာဉ်ထိန်းစခန်းမှဆောင်ရွက်ခြင်းဖြစ်သည်။
ပြစ်မှုမော်တော်ကားများကို သဘာဝဓါတ်ငွေ့ထုတ်ပေးရေး ဌာနမှ CNG များ ဆက်လက်ထုတ်ပေးမည်ဖြစ်ပြီး ပြစ်မှုရှောင်ရှားခြင်း မပြုလုပ်နိုင်ရန်လည်း
ယာဉ်ထိန်းစခန်းနှင့် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများဖြင့် ဆောင်ရွက်မည်ဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1kShdSx
Comments
Post a Comment