Skip to main content

လွတ်လပ်စွာပြီး အဖွဲ့အစည်းတစ်စုံတရာ၏ သြဇာခံမျိုးမဟုတ်သည့် လူငယ်စင်တာ စည်းမျဉ်းမျာ...



လွတ်လပ်စွာပြီး အဖွဲ့အစည်းတစ်စုံတရာ၏ သြဇာခံမျိုးမဟုတ်သည့် လူငယ်စင်တာ စည်းမျဉ်းများ ရေးဆွဲပြီးစီးတော့မည်



ယုဝေ



ရန်ကုန်၊ မဇ္ဈိမ။ ။ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး မည်သည့် အဖွဲ့အစည်း၏ သြဇာခံမျှ မဟုတ်သည့် အမျိုးသား လူငယ်စင်တာအဖြစ် ရပ်တည်နိုင်ရန်

အခြေခံမူများကို ဇွန်လကုန် အပြီးရေးဆွဲကာ ဇူလိုင်လပထမပတ် ယာယီကော်မတီအစည်းအဝေးတွင် အတည်ပြုသွားမည်ဟု အမျိုးသားလူငယ်စင်တာ ယာယီကော်မတီဝင် ကိုသက်ဆွေဝင်းက မဇ္ဈိမကို ပြောသည်။



အဆိုပါ စင်တာနှင့် ပတ်သက်ပြီး လုပ်ငန်းများ စတင် အကောင်အထည်ဖော်နိုင်ရန် လူငယ် ၁၆ ဦး ပါဝင်သော ယာယီကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီက ဇွန်လ ပထမပတ်မှ ပဋိညာဉ်များ၊ အခြေခံမူများ၊ အသင်းအဖွဲ့စည်းမျဉ်းများနှင့် ပတ်သက်၍ စတင်ရေးဆွဲနေပြီဖြစ်သည်။



ကိုသက်ဆွေဝင်းက "စည်းမျဉ်းထဲမှာ ကျွန်တော်တို့ လူငယ်စင်တာက ဘယ်အဖွဲ့အစည်း လက်အောက်ခံမှ မဖြစ်ရဘူး ဆိုတာတွေနဲ့ လွတ်လပ်စွာ လှုပ်ရှားပိုင်ခွင့် ရှိရမယ် ဆိုတာမျိုးတွေ ထည့်သွင်း ရေးဆွဲထားပါတယ်” ဟု ပြောသည်။



လက်ရှိရေးဆွဲနေသည့် အမျိုးသားလူငယ်စင်တာနှင့် ပတ်သက်သည့် အခြေခံမူများ၊ စည်းမျဉ်းများနှင့် ပဋိညာဉ်များကို ဇူလိုင်လ ပထမပတ်တွင် ပြုလုပ်မည့် ယာယီကော်မတီဝင်အစည်းတွင် အတည်ပြုသွား မည်ဖြစ်သည်။



အဆိုပါ အတည်ပြုထားသည့် မူများကို လူငယ်အဖွဲ့အစည်းများ နှင့် လူငယ်ရေးရာများကို တာဝန်ယူထားသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့်

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် နှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဦးသန်းဌေးတို့နှင့် ယာယီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။



အမျိုးသားလူငယ်စင်တာကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ်ဝင်းအတွင်း ဖွင့်လှစ် သွားမည်ဖြစ်သည်။



ယာယီကော်မတီဝင် ကိုမိုးဃ်းသွေးက “အခု အစည်းအဝေးတွေ လုပ်နေပါတယ်။ စည်းမျဉ်းတွေ ရေးဆွဲနေပါပြီ။ စည်းမျဉ်းတွေပြီးတာနဲ့ အမျိုးသားလူငယ်စင်တာကို

စသုံးလို့ ရပါပြီ”ဟု ပြောသည်။



ရန်ကုန်တွင် ဖွင့်လှစ်မည့် အမျိုးသားလူငယ်စင်တာသည် ပထမခြေလှမ်းဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အနှံ့ရှိ မြို့နယ်တိုင်းတွင် အမျိုးသား လူငယ်စင်တာများ ဖွင့်လှစ်သွားရန် ကြိုးပမ်းမည်ဟုလည်း ကိုသက်ဆွေဝင်းက ဆိုသည်။



အမျိုးသားလူငယ်စင်တာများတွင် လူငယ်အဖွဲ့အစည်းများ၏ သင်တန်းများဖွင့်လှစ်ခြင်း၊ အစည်းအဝေးများ ကျင်းပခြင်း၊ ဟောပြောဆွေးနွေးခြင်းများ လာရောက်

ပြုလုပ်နိုင်မည်ဖြစ်ပြီး လူငယ်စာကြည့်တိုက်များ လာရောက် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။



ထိုစင်တာတွင် လူငယ်အဖွဲ့ အစည်းများ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်း၊ လူငယ်ထုပြဿနာများ ဆွေးနွေးတိုင်ပင်ခြင်း၊ သတင်းအချက်အလက်

မျှဝေခြင်းများ ပြုလုပ်နိုင်မည့်အပြင် အစိုးရမှ ဖြေရှင်းပေးရန် လိုအပ်သည့် လူငယ်ပြဿနာများကို လူငယ်စင်တာများက ဆောင်ရွက်သွားမည်ဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1lygUCN

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3