လူငယ် ၁၀ ဦး ၎င်းတို့၏ ကွန်ပျူတာ မျက်နှာပြင်များပေါ်သို့ အာရုံစူးစိုက်နေကြသည်။ မျက်လုံးများ အငြိမ်မနေသလို လက်ချောင်းများသည်လည်း ကွန်ပျူတာ ကီးဘုတ်များပေါ်တွင် ပြေးလွားနေသည်။ အသွင်အပြင်များကား တိုက်ပွဲတစ်ခုတွင် ရန်သူအား အမြစ်ပြတ် ချေမှုန်းတော့မည့် စစ်သည်များသဏ္ဌာန်။ တည်နေရာကား စမ်းချောင်းရပ်ကွက် အတွင်းရှိ ကွန်ပျူတာ ဂိမ်းဆိုင်လေး တစ်ခုအတွင်းတွင် ဖြစ်သည်။ ဆိုင်အတွင်း မောက်စ်သံ တစ်ချက်ချက်၊ ကီးဘုတ်သံ တတောက်တောက်မှအပ တိတ်ဆိတ်နေသည်။ မကြာမီတွင် သူတို့၏ ငါးယောက်တစ်ဖက် စစ်ပွဲပြီးဆုံးသွားပုံရသည်။ အနိုင်ရသွားဟန်တူသော အဖွဲ့မှ အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်က ရှုံးနိမ့်သွားသော အသင်းမှ လောင်းကြေးငွေ သုံးသောင်းကို ထယူလိုက်သည်။
လူကြီး၊ လူငယ်ကြား အမြင်ကွာခြားချက်များနှင့် မြန်မာ e-Sports - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit...
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1pzc6NM
Comments
Post a Comment