Skip to main content

မန္တလေးတိုင်းအတွင်း စားသောက်ကုန်များ ထုပ်ပိုးမှု စစ်တမ်းကောက်ကာ ပညာပေးမည် မန္တလေး၊...



မန္တလေးတိုင်းအတွင်း စားသောက်ကုန်များ ထုပ်ပိုးမှု စစ်တမ်းကောက်ကာ ပညာပေးမည်



မန္တလေး၊ ဇွန် ၅



စားသုံးရန် မသင့်သော စားသောက်ကုန် ပစ္စည်းများကို ထုပ်ပိုးမှုပုံစံ အမျိုးမျိုးဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး အတွင်း မြို့ကြီးများရှိ ဈေးကွက်များအတွင်း ရောင်းချနေသည့် စားသောက်ကုန်များတွင် ပါဝင်သည့် ပစ္စည်းများ၊ ထုတ်လုပ်သည့် နေရာနှင့် ရက်စွဲများ ရေးသားထားခြင်း ရှိ မရှိ၊ စားသောက်ကုန်ထုပ်ပိုးမှု ဥပဒေနှင့် ညီညွှတ်ခြင်း ရှိမရှိများနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူကာ ပညာပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။



ယင်းသို့ စစ်တမ်းကောက်ယူမှုကို ဇွန်လ နောက်ဆုံးပတ်တွင် စတင် ကွင်းဆင်းမည် ဖြစ်ပြီး စားသောက်ကုန် လက်ကားအရောင်းဆိုင်များကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကာ လက်လီဆိုင်အချို့ကိုလည်း စစ်တမ်း ကောက်ယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။



အဆိုပါ ကောက်ယူ၍ ရရှိလာမည့် စစ်တမ်းများအရ လုပ်ငန်းရှင်များကို ပညာပေးခြင်း ဆောင်ရွက်သွားမည် ဖြစ်ကာ စားသုံးသူ အကာအကွယ်ပေးရေး နည်းဥပဒေ ထွက်ရှိလာပါက ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။



စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည် သတင်းအချက်အလက် သို့မဟုတ် တံဆိပ် အမှတ်အသားပေါ်တွင် ဖော်ပြထားချက်နှင့် မကိုက်ညီသည့် ကုန်စည်၊ အရောင်းမြှင့်တင်ရေးနှင့် ကြော်ငြာပါ ဖော်ပြချက် ကိုက်ညီမှု မရှိသော ကုန်စည်၊ အမည်၊ အရွယ်အစား၊ အသားတင် အလေးချိန်၊ ထုထည်၊ ဖွဲ့စည်းပုံ၊ ထုတ်လုပ်သည့် ရက်စွဲ၊ လိပ်စာ၊ ရောင်းချသူအမည် စသည်တို့ကို ရိုက်နှိပ်ထားရမည်ဟု ပါရှိပြီး ယင်းသို့ ဆောင်ရွက်ခြင်း မရှိသည့် လုပ်ငန်းရှင်များကို စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ သတိပေးခြင်း၊ ပြင်းထန်စွာ သတိပေးခြင်းနှင့် လျော်ကြေးပေးစေခြင်း စသည်တို့ကို အရေးယူနိုင်သည့်အပြင် တရားရုံး၌ တရားစွဲတင်နိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထောင်ဒဏ် သုံးနှစ်ထိနှင့် ကျပ်သိန်း ၅၀ ထက် မပိုသည့် ဒဏ်ငွေ သို့မဟုတ် နှစ်ရပ်လုံး ချမှတ်ခြင်း ခံရမည်ဟု ဖော်ပြပါရှိသည်။



ပြီးခဲ့သည့် ဧပြီလက ပြည်တွင်းဈေးကွက် အတွင်း၌ ထုတ်လုပ် ရောင်းချခဲ့သည့် အချိုရည်တစ်ခုတွင် အများပြည်သူ ကျန်းမာရေး ထိခိုက်စေနိုင်သဖြင့် လုပ်ငန်းရှင်ကို ဥပဒေနှင့်အညီ ထုတ်လုပ်ရန် ခေါ်ယူ ပညာပေးထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။



“လုပ်ငန်းရှင်တွေ စားသောက်ကုန်ကို ဘယ်လို ထုတ်လုပ်ရမယ် ဆိုတာ ဥပဒေမှာ ပါပြီးသားပါ၊ ကျွန်တော်တို့ စားသောက်ကုန် စစ်ဆေးတဲ့ နေရာမှာလည်း ဥပဒေနဲ့ ညီမညီကို စစ်သွားမှာပါ၊ အဓိကကတော့ စားသုံးသူပေါ့လေ၊ ရွေးချယ် စားတတ်အောင် ပညာပေး ဟောပြောပွဲတွေ လုပ်သွားမှာပါ” ဟု စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုသည်။



စားသောက်ကုန်များ ဝယ်ယူရာတွင် တိကျစွာ ဖော်ပြထားမှု ရှိ မရှိ စစ်ဆေးပြီးမှသာ ဝယ်ယူလေ့ရှိကြောင်း မန္တလေးတက္ကသိုလ် ပါမောက္ခတစ်ဦးက စားသောက်ကုန် ဝယ်ယူမှုနှင့် ပတ်သက်၍ ပြောကြားသည်။



စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ၂၀၁၄ ခုနှစ် မတ်လက ပြဋ္ဌာန်းထားပြီး နည်းဥပဒေကို ရေးဆွဲလျက်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ ထပ်မံသိရသည်။



စားသုံးသူ အခွင့်အရေး ကာကွယ်ပေးသည့် လုပ်ငန်းစဉ်များတွင် စားသုံးသူအတွက် ဆောင်ရွက်ပေးသည့် လူမှုရေး အဖွဲ့အစည်းများနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။



ယင်းအပြင် မိမိရပ်ကွက်အတွင်း တရားမဝင် စားသောက်ကုန်များ ထုတ်လုပ်နေပါက လာရောက်တိုင်ကြားနိုင်ပြီး ယင်းသို့ တိုင်ကြားမှသာ သွားရောက် စစ်ဆေးနိုင်မည် ဖြစ်ကြောင်း ဦးဆွေတင့်ကြူးက ဆိုသည်။



“စားသောက်ကုန်တွေ စစ်ဆေးပြီး ဥပဒေနဲ့ မညီတာ တွေ့ရင် ဌာနကို အကြောင်းကြားပေးရမှာပဲ၊ အသင်းတွေမှာ တရားစွဲဆိုခွင့်မှ မရှိတာ” ဟု စားသုံးသူများ ကာကွယ်ရေးအသင်းခွဲ မန္တလေးတိုင်း တာဝန်ခံ ဦးလှစိုးက ပြောကြားသည်။



မြန်မာနိုင်ငံရှိ စားသုံးသူများ ကာကွယ်ရေး အသင်းခွဲကို ငါးမြို့နယ်တွင် ယခုလအတွင်း ဖွဲ့စည်းမည် ဖြစ်ကြောင်း စားသုံးသူများ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1ozcdq5

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...