" အပ်ပုန်းတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် နဲ့ လူထုကျန်းမာရေး "
အနှစ်နှစ်ဆယ်ကျော်ကြာမြင့် လာသည့်တိုင် ထိုအခြင်းအရာ တို့ကို ပြန်တွေးလိုက်တိုင်း ဦးဟင်းပန်း ကိုယ့်ကိုယ် ကိုယ်ခွင့်မလွှတ်နိုင်သေး။ မိမိ၏မကျွမ်း ကျင်သောဆေး ပ ညာကြောင့် ကြွေလွင့်ခဲ့ရသည့် ဝိညာဉ်များကို ရည်စူးပြီးကောင်းမှုကုသိုလ်ပြု အမျှဝေခြင်းတို့ကို အခွင့်သာတိုင်းသူလုပ်ခဲ့သည်။
”စေတနာကစေတနာပဲ၊ အမှားကအမှား ပဲ ကိုယ်ကယ်ပေးနိုင်ခဲ့တဲ့ လူတွေ အတွက် ဝမ်းသာရသလိုကိုယ့်အမှား ကြောင့်ဖိတ်စင်ခဲ့ ရတာတွေကိုအခု ထိ မေ့မရသေးဘူး”ဟု သူကပြောသည်။ဧရာဝတီတိုင်း ငပုေ တာမြို့နယ် အတွင်းရှိ ရွာပေါင်း ၂ဝ နီးပါးကို တစ်ဦးတည်းတာဝန်ယူထားရသော တစ်ဦး တည်းသော ကျန်းမာရေးလုပ်သား၏ လက်တိုလက်တောင်း အဖြစ် နှစ်ပေါင်း များစွာ အလုပ်လုပ်ခဲ့ပြီးနောက်တွင်တော့ သက်လတ်ပိုင်းအရွယ် ဦးဟင်းပန်းကို ရပ်ရွာက ဆေးဆရာအဖြစ် အသိအမှတ်ပြု အားထားလာခဲ့သည်။
”အမှန်တော့ ဆေးကုစားဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ အဲ့လိုပဲလိုအပ်ချက်အရအခြေအနေအရကိုယ်ကိုယ်တိုင်ကိုကလည်း ဝါသနာပါတာက နေ တဖြည်းဖြည်း လုပ်ဖြစ်သွားတာပဲ”ဟု ဖိုးကြာအိုင်ရွာသား အသက် ၆၂ နှစ် အရွယ် ဦးဟင်းပန်းကပြောသည်။ သို့ရာတွင် သူသည် ဆေး ပညာကို စနစ်တကျ သင်ကြားခံခဲ့ရ သူမ ဟုတ်။ မြင်ပါများတော့ ယဉ်ဆိုသလို အခြေအနေသာ ဖြစ်ရာအမှားအယွင်းတို့က မလွဲမရှောင် သာရှိခဲ့သည်။ သို့သော် သူ မှ ဆေးမကုပေးလျှင်လည်းမဖြစ်။ တစ်ဦး တည်းသောကျန်းမာရေး လုပ်သားက လှေခရီး ၃ နာရီအကွာ ရေကျော်ကြီးရွာတွင်သာ ရှိသည်။
ထို့ကြောင့် သူ့ရွာအနီးအနားကျေး ရွာများကို သူကသာ တာဝန်ယူထားရ သည့်အခြေအနေ။ အသည်းအသန် ဖြစ်လာမှ ရေကျော်ကြီးကို သွားခိုင်းရ သည်။ သေရေး ရှင်ရေးဆိုလျှင် အနီးဆုံး ဆေးရုံကလည်း ငပုတောမြို့ပေါ်တွင်သာရှိရာ အကြွေအလွင့်တို့က ဖြစ်သင့်သည်ထက် ပိုခဲ့သည်ဟု သူကဆိုသည်။ ယခင်အစိုး ရများ လက် ထက် က ရပ်ရွာ၏ ကျန်းမာရေးသည် အရပ်ဆေး ဆရာများအပေါ်တွင်သာ မှီခိုနေခဲ့ရ သည်။ ထိုအရပ်သား ဆေးဆရာများ သည် အမှန်ဆိုရလျှင် ဆေးပညာကို ဟုတ်တိပတ်တိ သင်ယူခဲ့ကြရသူများမဟုတ်။ နီးစပ်ရာ ဆေးပေးဆေးထိုးတို့
ကို အတုမြင်အပ်သင်များသာ ဖြစ်ရာခပ်ရှင်းရှင်းပြောရလျှင် အပ်ပုန်း
သို့မဟုတ် ရမ်းကုများသာ ဖြစ်သည်။
ယခု အစိုးရလက်ထက်တွင်လည်း ကျေးလက်ဒေသအများစုရှိ လူအများသည် ကျန်းမာရေးအတွက် အဆိုပါ အပ်ပုန်းခေါ်ခေါ် ရမ်းကုခေါ်ခေါ် အရပ် ဆေး ဆရာများအပေါ် မှီခိုနေရဆဲ ဖြစ် သည်ကို အထင်အ ရှားတွေ့နေ ရသည်။မြန် မာနိုင်ငံ၌ကျေးလက်ဒေသများတွင်နေထိုင်ကြသူများမှာ ခုနစ်ဆယ်ရာခိုင် နှုန်းေ ကျာ် ရှိပြီး သုံးဆယ်ရာခိုင်နှုန်း သာမြို့ပေါ်၌ နေထိုင်ကြခြင်းဖြစ်သည်။
သို့ သော်လည်း အဆိုပါသုံးဆယ်ရာခိုင်နှုန်း တွင် မြို့နှင့်ဆက်စပ်နေသည့် ဒလ၊ ရွှေ ပြည်သာနှင့် လှိုင်သာယာတို့ကဲ့သို့ နေ ရာမျိုး ဆိုပါက မြို့တစ်ခု အဖြစ်ပြော၍ မရဘဲ ယင်းဒေသရှိ ကျန်းမာရေး စောင့် ရှောက်မှုမှာလည်း အတော်ပင် နိမ့်ကျ နေသေးကြောင်း ကျေးလက်ဒေသများတွင် အရန်သား ဖွားသင်တန်းများ လိုက်လံ ပေးနေသည့် သင်တန်းပို့ချသူ အငြိမ်းစား ဆရာဝန် ဒေါက်တာ မီမီကိုက ပြောသည်။
”ခုနစ်ဆယ် ရာခိုင်နှုန်းကတော မှာ နေတယ်လို့ပြောပေမယ့် ကျန်တဲ့သုံး ဆယ်ရာခိုင်နှုန်းထဲမှာလည်း တောလိုနေရာတွေ ပါနေတာပေါ့။ အဲဒီတော့ အားလုံးပေါင်း ရှစ် ဆယ့် ငါး ရာခိုင်နှုန်းက ကျေးလက်ဒေသတွေမှာ နေတယ် လို့ပြောလို့ရတယ်”ဟုဒေါက်တာမီမီကို က ပြောသည်။ အဆိုပါ ကျေး လက်နေပြည်သူများ အနေဖြင့် နိုင် ငံတော် အစိုးရ က တရားဝင်ခန့် အပ်ပေးထားသော ကျန်းမာရေးမှူးများနှင့် သားဖွားဆရာမများပေါ်တွင် ၎င်းတို့ကျန်းမာရေး ကိစ္စအဝဝ၏ အ ကြောင်း အကျိုး အကောင်း
အဆိုးကိုပုံ အပ် ထားကြရသည်။
သို့သော်လည်း မြန်မာနိုင်ငံရှိ ခြောက်သောင်းငါးထောင်ပတ်ဝန်းကျင်အရေအတွက်ရှိသည့် ကျေးရွာများအတွက် ကျေးရွာတစ်ရွာလျှင် သားဖွား ဆရာမတစ်ဦး ခန့်ထားရန် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက်များ ထားရှိခဲ့သော်လည်း ယခုအချိန်အထိ ယင်းသို့ ခန့်အပ်ထားနိုင်မှု မရှိသေးပေ။ထိုအခါတွင် ကျန်းမာရေးအတွက် လက်လှမ်းမမီနိုင်သည့်ကျေး ရွာဒေသ များတွင် အရေးပေါ်ကျန်းမာရေး အခြေ အနေကြုံလာရသည့်အခါ
ဆေး ထိုး တတ်ရုံ မတောက်တခေါက် သင်ထားသော ပညာလေးဖြင့် ကု စားနေကြသည့်အပ်ပုန်းရမ်းကုတို့လက်ထဲကို ကျေးလက်ပြည်သူတို့၏
အသက်ကိုထိုးအပ်လိုက်ရတော့သည်။
”မြို့ပေါ်မှာတောင်မှ အထူးကု ဆရာဝန်ကြီးတွေ ဆေး ထိုးမှား လို့ဆိုပြီး အော်ဟစ်နေကြတာ ပြောနေကြတာ ရှိ ပေ မယ့် ကျေးလက်ဒေသမှာကျတော့ မပြောရဲဘူးလေ။ ဒီလိုမျိုးဇာတ် လမ်းပြီးသွားတာမျိုးတွေ မရေမတွက်နိုင်အောင် ရှိလိမ့် မယ်ထင်ပါ တယ်”ဟု ဒေါက်တာ မီမီကိုက ပြောသည်။မြန်မာနိုင်ငံတွင် ဆမအရေအတွက် အရ ကြည့် ပါ က ဆရာဝန် သုံးသောင်း ခုနစ်ထောင်ကျော်ရှိသော်လည်း အစိုးရ ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များတွင် ဝင်ရောက်လုပ်ကိုင်သူမှာ တစ်သောင်းကျော်ခန့်ရှိပြီး ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တွင် လုပ်ကိုင်နေသူမှာ နှစ်သောင်းနီးပါး ရှိကြောင်း သိရသည်။
အဆိုပါ ဆမလက်မှတ်ရ သုံးသောင်းခုနစ်ထောင်အနက် နိုင်ငံခြားတွင် အလုပ်လုပ်နေသူ၊ သေဆုံးသွားသူများနှင့် ဆရာဝန်အလုပ်မလုပ်ကိုင် တော့သူ စသည့်အကြောင်းအမျိုးမျိုးဖြင့် ပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လုပ်ကိုင်နိုင်မှုမရှိသော ဆရာဝန်များလည်း ပါဝင်သည်။
ကျန်းမာရေးဝန်ကြီးဌာန အနေ ဖြင့်ကျေး လက်ဒေ သများအတွက် တိုက် နယ်ဆေးရုံများတွင် ကျေးလက်ဆရာဝန်များကို ခန့်အပ်ပေးသော်လည်းများ
သော အားဖြင့် တကယ်တမ်း လုပ်ဆောင်နိုင်မှု အား နည်းကြောင်း ဒေါက်တာ မီမီကိုက သုံးသပ်သည်။
”ကျန်းမာရေးဝန်ကြီးဌာနတိုက် နယ်ဆရာဝန်တွေခန့်ထားပေးပေမယ့် မပြည့်မစုံနဲ့မို့ မလုပ်နိုင်တာတွေများတယ်။ များသောအားဖြင့် ကျေးလက် တိုက်နယ်ဆရာဝန်အဖြစ် ခန့်လိုက်ရင် ထွက်ပြေးသွားကြတာများတယ်” ဟု ၎င်းက ပြောသည်။ ယင်းကြောင့်ကျေးလက်ဒေသများ တွင် ဆရာဝန်များ ပို့ပေးနိုင်ရန်အတွက် ၂ဝ၁၃ ခုနှစ်မှစ၍ ဝေးလံခေါင် ဖျား သောဒေ သများမှ ဆေးကျောင်းတက်ချင် သူများအတွက် ဆေးကျောင်းဝင်ခွင့်အ မှတ်ကို လျှော့ပေါ့ခေါ်ယူပေးခဲ့သည်။
”ကျေးလက်ဆရာဝန်မလုပ်ချင် တာမဟုတ်ဘူး။ တောင်အာဖရိကတို့၊ မလေးရှားတို့ကလည်း ကျေးလက်ဆရာ ဝန်တွေခေါ်တယ်။ အဲဒီမှာ သွားလုပ်ကြတယ်။ သူ တို့ဆီ ကျေးလက်ဒေါက်တာတွေ ဆိုရင် တော မှာသွားလုပ်တာပဲ။ ဒါပေမဲ့ လစာထိုက်ထိုက်တန်တန်ရကြတယ်”
ဟု ၎င်းက ဆိုသည်။ ယင်းသို့ကျေးလက်ဆရာဝန် အ ဖြစ်လုပ်ကိုင်မည့်သူရှား ပါးခြင်း၊ သား ဖွားဆရာမများ အရေအတွက် မလုံ လောက်ခြင်း၊ ဆင်းရဲနွမ်း ပါးခြင်းနှင့် အသိပညာချို့တဲ့ခြင်းတို့က ကျေးလက် ဒေသများတွင် အပ်ပုန်း များကြီးစိုးနေ ခြင်းကို မီးလောင်ရာ လေပင့်လုပ်နေသလိုပင် ဖြစ်သည်။
ကျေးလက်ဆရာဝန်များခန့်အပ် လိုက် ထွက်ပြေးလိုက်နှင့်ပင် မြန်မာ နိုင်ငံတွင် သုံး ပုံနှစ် ပုံကျော် ရှိသည့် ကျေး လက်နေ လူတန်းစားများအတွက် ကျန်း မာရေးစောင့်ရှောက်မှုမှာ လွန်စွာ လစ် ဟာနေကြောင်း အငြိမ်းစားညွှ န်ကြားရေးမှူးတစ်ဦးက ပြောသည်။
အပ်ပုန်းဆိုသည်မှာ ဆေးရုံတွင် လုပ်ကိုင်နေသော အလုပ်သမားများ ထဲမှ အနည်းငယ် ပါးနပ်သူများ၊ ဆေးရုံ များ၊ ဆေးခန်းများတွင် လက်တို လက် တောင်းလုပ်ရင်း အ နည်းငယ်နားလည် လာသည့် အခါ မွေးရပ်ပြန်၍ဆေးကုစား ကြသူများအပြင် စပ်ဆေးတွဲရောင်းချသူများ၊ အချို့သောအရန်သားဖွား ဆရာမများနှင့်ဆမမရှိပါဘဲ .....
အပြည့်အစုံသို့ ► http://ift.tt/1pKNMd1
from Popular Myanmar News Journal's Facebook Wall http://ift.tt/1pKNMd3
Comments
Post a Comment