Skip to main content

အကောက်ခွန် အလိုအလျောက် ရှင်းလင်းရေးစနစ် အကောင်အထည်ဖော်ပါက အကောက်ခွန် အေးဂျင့်လုပ...



အကောက်ခွန် အလိုအလျောက် ရှင်းလင်းရေးစနစ် အကောင်အထည်ဖော်ပါက အကောက်ခွန် အေးဂျင့်လုပ်ငန်း ၅၀ ရာခိုင်နှုန်း ပျောက်ကွယ်မည်ဟုဆို



ရန်ကုန်၊ ဇွန် ၂၂



အကောက်အခွန် အလိုအလျောက် ရှင်းလင်းရေးစနစ် (MACSS) ကို ၂၀၁၅ ခုနှစ်တွင် အကောင်အထည် ဖော်နိုင်ပါက လက်ရှိ အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသော အေးဂျင့် ၅၀ ရာခိုင်နှုန်းခန့် ပျောက်ကွယ်သွားနိုင်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။



ဂျပန်နိုင်ငံ၏ အကောက်ခွန် ရှင်းလင်းရေး NACSS စနစ်ကို အခြေခံကာ ဒီဇိုင်းရေးဆွဲထားသည့် အဆိုပါ MACSS စနစ်သည် ကွန်ပျူတာ အသုံးပြုအကောက် ခွန်ရှင်းလင်းရေးစနစ်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေး အကူအညီဖြင့် ယင်းစနစ်ကို အကောင်အထည် ဖော်မည်ဖြစ်သည်။



အဆိုပါ MACSS စနစ်ကြောင့် လက်ရှိလုပ်ကိုင်နေသော အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းများအနက် တစ်ဝက်ခန့် ပျောက်ကွယ်သွားမည် ဖြစ်သော်လည်း အကောက်ခွန် ဝန်ဆောင်မှု ကုမ္ပဏီအဖြစ် ပုံစံပြောင်းကာ ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။



“ဒီ MACSS စနစ်ပေါ်လာလို့ အေးဂျင့်တွေ ပျောက်သွားမှာတော့ မဟုတ်ပါဘူး။ ဝန်ဆောင်မှု ကုမ္ပဏီအနေနဲ့ ပုံစံပြောင်းပြီး ဆက်လုပ်သွားရမှာပေါ့။ ဒီလုပ်ငန်း အကြောင်းကို အမှန်တကယ် နားလည်တဲ့သူတွေက အေးဂျင့်တွေဆိုတော့ ပျောက်သွားမှာတော့ မဟုတ်ဘူး” ဟု အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက ဆိုသည်။



MACSS စနစ်သည် ကွန်ပျူတာ အသုံးပြုစနစ် ဖြစ်သည့်အတွက် အကောက်ခွန် ဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူတို့ တိုက်ရိုက်ထိတွေ့ရန် မလိုအပ်သည့်အပြင် အေးဂျင့်များအနေနှင့် Authorized Economic Operator (AEO) များအဖြစ် ပုံစံပြောင်းလဲ ဆောင်ရွက်ရမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။



ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရန် အဆိုပါ MACSS စနစ်ကို အသုံးပြုမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ဆက်စပ်နေသော ဌာနများအားလုံး ချိတ်ဆက်ကာ ဆောင်ရွက်ရမည် ဖြစ်သည်။



အဆိုပါ MACSS စနစ်နှင့်အတူ ကုန်စည်များ၊ ကုန်သည်များနှင့် ၎င်းတို့နှင့် ဆက်စပ်နေသော အချက်အလက်များကို ထည့်သွင်း သိမ်းဆည်းထားမည့် အကောက်ခွန် အသိဉာဏ်စနစ် ((Myanmar Customs Intelligence System - MCIS) တို့ကို ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အဝန်း ပေါ်ပေါက်လာချိန်တွင် စတင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1m4qKGL

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...