Skip to main content

အီရတ်စစ်သွေးကြွများ မြို့ကြီးနှစ်မြို့ကို ထိန်းချုပ် ဒုက္ခသည်များအတွက် စိုးရိမ်ြေ...



အီရတ်စစ်သွေးကြွများ မြို့ကြီးနှစ်မြို့ကို ထိန်းချုပ် ဒုက္ခသည်များအတွက် စိုးရိမ်ကြောင်း UN ထုတ်ပြန်



မိုဆော၊ ဇွန် ၁၂



အီရတ်၏ မြို့ကြီး ၂ မြို့ ဖြစ်သော မိုဆောနှင့် တီကရစ်တို့ကို အစ္စလာမ္မစ် သူပုန်များက ထိန်းချုပ်လိုက်သဖြင့် ငါးသိန်းခန့် ရှိသော ပြည်သူများ အရေးပေါ် တိမ်းရှောင်ကြရလေရာ ၎င်းတို့ကို လူသားချင်းစာနာမှု ရှုထောင့်အရ စိုးရိမ်မိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်လိုက်သည်ဟု BBC သတင်းတစ်ရပ်က ဆိုသည်။



“အချိန်နှင့်အမျှ အခြေအနေက ကြောက်စရာ ကောင်းနေပြီး ပိုဆိုးလာနေပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



အစိုးရတပ်များက သူပုန်များကို မြို့တော်ဘဂ္ဂဒက်မှ ၁၁၀ ကီလိုမီတာအကွာတွင် ခုခံထားနိုင်ပြီး ၎င်းတို့ ရှေ့ဆက်ချီတက်လာမည့် လမ်းကြောင်းကို ပိတ်ထားနိုင်သော်လည်း သူပုန်သိမ်းခံထားသော မြို့ကြီး ၂ မြို့မှ ပြည်သူများက အသက်အန္တရာယ်အတွက် ပြေးလွှားခဲ့ကြရသည်။



စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် အကူအညီများ ပေးမည်ဟု အမေရိကန်က ကြေညာထားပြီး မည်သို့ မည်ပုံ ကူညီမည်ကိုတော့ တိတိကျကျ မပြောထားပေ။



သူပုန်များ သိမ်းထားသော တီကရစ်မြို့သည် ဆက်ဒမ်ဟူစိန်၏ ဇာတိဖြစ်ပြီး သူပုန်အင်အားစုများသည် ဆွန်နီစစ်သွေးကြွ အစ္စလာမ္မစ် အီရတ်နိုင်ငံတော် အဖွဲ့ဖြစ်ကာ အယ်လ်ကေဒါ လက်အောက်ခံ အဖွဲ့လည်း ဖြစ်သည်။



ISIS ဆွန်နီသူပုန်များသည် ဆီးရီးယားတွင်လည်း အဓိက သူပုန်အင်အားစု တစ်ရပ်ဖြစ်ကာ အီရတ်-ဆီးရီးယား နယ်စပ်တစ်လျှောက် အင်အားကြီးထွားလာလျက် ရှိသည်။



သူပုန်အဖွဲ့က ၎င်းတို့သည် မြို့တော်ဘဂ္ဂဒက်နှင့် တောင်ပိုင်း ရှီးယိုက်မြို့များအထိ ချီတက်ကြမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



ယခင်ကလည်း ဖာလူဂျာဒေသကို မွတ်ဆလင်သူပုန်များ သိမ်းပိုက်နိုင်ခဲ့သော်လည်း အီရတ်စစ်တပ်က ပြန်လည် တိုက်ထုတ်နိုင်ခဲ့သည်။



စစ်သွေးကြွများသည် တောင်ပိုင်းအထိ တိုက်ခိုက်မှု ရှေ့ဆက်လျက် ရှိနေသည်ဟု AFP သတင်းက ဖော်ပြထားပြီး ခုခံထားသော အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။



သူပုန်များက အီရတ်စစ်တပ်၏ ဟမ်းဗီးစစ်ကားများကိုပါ သိမ်းလိုက်နိုင်ခဲ့ပြီး ယင်းကားများပေါ်တက် အောင်ပွဲခံနေသည့် ဓာတ်ပုံများလည်း မီဒီယာများပေါ်တွင် တွေ့ရသည်။







from The Voice Weekly's Facebook Wall http://ift.tt/1l7gins

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...