Skip to main content

အင်းစိန်အကျဉ်းထောင်မှ ပထမဆုံးအကြိမ်အဖြစ် အကျဉ်းသားနှစ်ဦး တက္ကသိုလ်ဝင်တန်း အောင်မြင်



ရန်ကုန်၊ ဇွန် ၇

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဇွန်လ ၇ ရက်တွင် ထုတ်ပြန်လိုက်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းတွင် အင်းစိန် ဗဟိုအကျဉ်းထောင်တွင်းမှ ဝင်ရောက်ဖြေဆိုသည့် လူငယ်အကျဉ်းသား နှစ်ဦး ပါဝင် အောင်မြင်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရသည်။


၂၀၁၃- ၁၄ ပညာသင်နှစ်တွင် အင်းစိန် ဗဟိုအကျဉ်းထောင်၊ အလက ၁၃ ကျောင်းခွဲမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကျဉ်းသား ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ မောင်ဟိန်းထက် (ခုံအမှတ်- ဆအစ ၅၆၉၇) နှင့် မောင်မျိုးညွန့်ဦး (ခုံအမှတ်- ဆအစ ၅၇၀၆) တို့ နှစ်ဦး အောင်မြင်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင် တာဝန်ခံအရာရှိက ပြောကြားသည်။


အဆိုပါ လူငယ်အကျဉ်းသား နှစ်ဦးသည် လုယက်မှုဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ထောင်ဒဏ် ငါးနှစ်စီ ကျခံနေရသူများ ဖြစ်ပြီး ဝိဇ္ဇာဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်ခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။


“နှစ်ယောက်စလုံးက အမှုတွဲ တစ်ခုတည်း သူတွေပါပဲ။ မနှစ်တုန်းကလည်း ငါးယောက် ဖြေတယ်။ ဒါပေမဲ့ တစ်ယောက်မှ မအောင်ဘူး” ဟု အကျဉ်းထောင် တာဝန်ခံ ဦးကျော်ဌေးက ဆိုသည်။


နိုင်ငံတော်သမ္မတ၏ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လေးပုံတစ်ပုံ လျှော့ရက် အပါအဝင် အခြားခံစားခွင့် လျှော့ရက်များကြောင့် အကျဉ်းကျခံရန် တစ်နှစ်ကျော် ကျန်ရှိနေသေးသူများ ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင် တာဝန်ရှိသူများက ဆိုသည်။


ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့၏ ပူးပေါင်း အစီအစဉ်ဖြင့် အကျဉ်းထောင် အတွင်းတွင် စာသင်ကျောင်း ဖွင့်လှစ်ကာ အကျဉ်းကျ လူငယ်များကို စာသင်ကြားပေးခြင်းကို ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်ခဲ့ပြီး ယခု တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။


၂၀၁၄-၁၅ ပညာသင်နှစ်အတွက် လက်ရှိ အင်းစိန် ဗဟိုအကျဉ်းထောင် အလက (၁၃) ကျောင်းခွဲတွင် သူငယ်တန်းမှ ဒသမတန်း (တက္ကသိုလ်ဝင်တန်း) အထိ လူငယ်အကျဉ်းသား ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၂၁ ဦး ရှိပြီး အဆိုပါကျောင်းကို သီးခြား စာစစ်ဌာနအဖြစ် သတ်မှတ်ပေးထားကြောင်း ဦးကျော်ဌေးက ပြောကြားသည်။


“ဒီနှစ်အတွက် ဆိုရင် အခုကျတဲ့ ငါးယောက်ရယ်၊ ဒီကျောင်းက ကိုးတန်း အောင်ထားတာ နှစ်ယောက်ရယ်၊ ပြီးတော့ နောက်ထပ် အကျဉ်းကျ လူငယ် သုံးယောက်ရယ် အားလုံး ၁၀ ယောက် ရှိမယ်။ အောင်တဲ့ သူတွေကိုလည်း အဝေးသင် ဆက်တက်နိုင်ဖို့ ဆက်လုပ်ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။


အဆိုပါ အကျဉ်းထောင်တွင်း စာပေသင်ကြားခြင်းကို အကျဉ်းကျ ပညာတတ်များက အဓိက သင်ကြားပေးခြင်း ဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့ ရက်များတွင် ပြင်ပ စာသင်ကျောင်းများမှ အစိုးရပညာရေး ဝန်ထမ်းများက လာရောက် သင်ကြားပေးကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ရှိသူများထံမှ သိရသည်။


The Voice Weekly






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1k8kcpT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...