Skip to main content

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လပိုင်းအတွင်းစတင်မည် ကေဇူး ရန်ကုန်၊ မဇ္စ...



ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လပိုင်းအတွင်းစတင်မည်



ကေဇူး



ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လပိုင်းအတွင်း စတင်နိုင်တော့မည်ဟု သမ္မတ အကြံပေး ဒေါက်တာကျော်ရင်လှိုင်က ဇွန် ၂၇ရက်တွင် မဇ္ဈိမကိုပြောသည်။



ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်များ ဆောင်ရွက်နိုင်ရန်အတွက် ဇွန်၂၆၊၂၇ ရက်များတွင် ပြည်ထောင်စု အစိုးရအဖွဲ့ ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ နိုင်ငံတကာ အကူအညီပေးရေး NGO အဖွဲ့အစည်းများနှင့် ရခိုင်လူမှုအခြေပြု အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မဇ္ဈိမ၏ မေးမြန်းမှုကို ထိုသို့ဖြေကြားလိုက်ခြင်းဖြစ်သည်။



“လပိုင်းလောက်အတွင်းမှာ အတော်များများကို စပြီးတော့ အကောင်အထည်ဖော်နိုင်အောင် လုပ်နေပြီ ဒါတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ ၀န်ကြီးချုပ် အသစ် ခန့်တယ်ဆိုတာ ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပြီးသား” ဟု ဒေါက်တာ ကျော်ရင်လှိုင် မဇ္ဈိမကိုပြောသည်။



ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားပြည်နယ် နှင့်တိုင်းဒေသကြီးများထက် ဦးစားပေးဆောင်ရွက်ရန် သမ္မတက ညွှန်ကြားထားသည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အသစ်ဖြစ်လာမည့် ဗိုလ်ချုပ်မောင်မောင်အုန်းကလည်း ပြောကြားထားသည်။



ရခိုင်တိုင်းရင်းသား အင်အားစုများကမူ အစိုးရ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ရဦးမည်ဟု မဇ္ဈိမကိုပြောသည်။



“ဒီအစီအစဉ်တွေက ၂၀၁၂ ခုနှစ်ကတည်းက ချထားတာ အခုမှ တစ်ခေါက်ပြန်ပြီး ပြောတာ Update ပြန်လုပ်တာပေါ့၊ ဗိုလ်ချုပ်မောင်မောင်အုန်း ကိစ္စ ရခိုင်တိုင်းရင်းသားတွေက အစိုးရကို မေးခွန်းထုတ်နေချိန်မှာ ဒီအစီအစဉ်တွေကို ချပြတာလား၊ တကယ် စေတနာအမှန်လား ဆိုတာကိုတော့ ဘယ်လောက် အကောင်အထည်ဖော်သလဲ ဆိုတာ စောင့်ကြည့်ရမှာပါ”ဟု

ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ကိုခိုင်ကျော်မိုးက ပြောသည်။



ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၂ ခုနှစ်က ရေးဆွဲထားသော အစီအစဉ်များအနက် အနည်းငယ်ကို အကောင်အထည်ဖော်ထားနိုင်သေးပြီး လက်ရှိတွင် လုံခြုံရေးနှင့် ဒုက္ခသည်များ နေရာချထားရေးအတွက် အစီအစဉ်သစ်များကို ထပ်မံရေးဆွဲ ထားခြင်းဖြစ်သည် ဟု ဒေါက်တာကျော်ရင်လှိုင် ကပြောသည်။



ပုံစာ- ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ခုကို ၂၀၁၃ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ- ကြယ်ပြာ)







from Mizzima - News in Burmese's Facebook Wall http://ift.tt/1wEyBTv

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3