နာရေးကူညီမှု လုပ်ငန်းများတွင် အသုံးပြုနေသည့် နိဗ္ဗာန်ယာဉ်များကို သတ်မှတ်အခွန် ပေးဆောင်၍ တရားဝင် မှတ်ပုံတင် ပြုလုပ်သွားမည်ဟု ဇွန်လ ၂၆ရက်က နိုင်ငံပိုင် သတင်းစာ များတွင် ကြေငြာလိုက်သည်။
"နိုင်ငံတွင်း တရားမဝင် တင်သွင်းရောက်ရှိနေသည့် လျှပ်စစ် မော်တော်ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် နာရေးကူညီမှုအသင်းများတွင် အသုံးပြုနေသော နိဗ္ဗာန်ယာဉ်များကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများ ပူးပေါင်း၍ သတ်မှတ်အခွန်အခများ ပေးဆောင်စေလျက် (One Stop Service)ဖြင့် တရားဝင် မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်"ဟု နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
နိဗ္ဗာန်ယာဉ်အားလုံး အခွန်ဆောင်ရတော့မည် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1sHnZVm
Comments
Post a Comment