မီဒီယာအဖွဲ့များရေးဆွဲသည့် သတင်းမီဒီယာ နည်းဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနသို့ ပို့တော့မည်
အေးမြင့်စန်း
ရန်ကုန်၊ မဇ္ဈိမ။ ။ သတင်းမီဒီယာ အဖွဲ့အစည်းများကိုယ်တိုင် ရေးဆွဲထားသည့် သတင်းမီဒီယာ နည်းဥပဒေကို မတ်လမှ စတင်ကာ သုံးလကြာသည့်အထိ ရေးဆွဲပြီးနောက် ဇွန်လ ၂၈ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက
ဇွန်လ ၂၅ရက်က ယင်းနည်းဥပဒေကို မီဒီယာသမားများကို ရှင်းလင်းပြသည့် ပွဲ၌ ပြောသည်။
" ဥပဒေမူကြမ်းတုန်းက သတင်းသမား အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ အချက်တချို့ကို ပြန်ကြားရေးဝန်ကြီးဌာနဲ့ လွှတ်တော်က ကန့်ကွက်တာတွေရှိလို့ အလျှော့ ပေးလိုက်ရတာတွေရှိတယ်။ တတ်နိုင်သလောက်တော့ သတင်းသမားတွေကို အကာအကွယ်ပေးနိုင်တဲ့ အချက်တွေ ပြည့်စုံအောင် ရေးဆွဲထားပါတယ်။ နည်းဥပဒေ
အသက်ဝင်သွားရင် သတင်းသမားတွေကို ထိရောက်တဲ့ အကာကွယ်တွေပေးနိုင်မှာပါ"ဟု ဦးကျော်မင်းဆွေက ပြောသည်။
နည်းဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကိုရယူကာ အတည်ပြုပြဌာန်းမည်ဖြစ်သည်။
ထိုနည်းဥပဒေ မူကြမ်းနှင့် ပတ်သက်ပြီး ဇွန်လ ၂၅ရက်က ရုပ်သံ၊ ပုံနှိပ်မီဒီယာ စသည့် မီဒီယာ လုပ်ငန်းများရှိ အယ်ဒီတာများ၊ သတင်းထောက်များထံမှ အကြံပြုချက်များကို တောင်းခံခဲ့သည်။
>>>>>ထပ်မံ၍ သတင်းအပြည့်အစုံကို ဇွန်လ ၂၆ရက် သတင်းစာတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
-----------------------------------------------------
ပုံစာ- မြန်မာ သတင်းမီဒီယာလောကသားများအား သတင်းမီဒီယာ နည်းဥပဒေ အသိပေးခြင်း အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါရှိ
မြန်မာနိုင်ငံ စာနယ်ဇင်းကောက်စီ(ယာယီ) ရုံးခန်းတွင် ဇွန်လ ၂၅ရက် နံနက်ပိုင်းက ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊မဇ္ဈိမ)
from Mizzima - News in Burmese's Facebook Wall http://ift.tt/1lP3Szp
Comments
Post a Comment