Skip to main content

တာရှင်းအထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား နှစ်ထောင်ခန့်နှင့် အလုပ်ရှင်တို့ ပြေလည်မှု...



တာရှင်းအထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား နှစ်ထောင်ခန့်နှင့် အလုပ်ရှင်တို့ ပြေလည်မှုရရှိ



ခင်မြတ်မြတ်ဝေ



ရန်ကုန်၊ မဇ္ဈိမ။ ။ မင်္ဂလာဒုံစက်မှုဇုန်ဝင်း အတွင်းရှိ တာရှင်းအထည်ချုပ်စက်ရုံမှ အလုပ်သမား နှစ်ထောင်ခန့်သည် ဇွန်လ ၃၀ရက် နံနက် ၇ခွဲမှ စတင်ဆန္ဒပြခဲ့ပြီး နေ့လည်ပိုင်းတွင် အလုပ်ရှင်နှင့် ညှိနှိုင်းကာ ပြေလည်မှုရရှိခဲ့သည်ဟု ယင်းစက်ရုံ အထည်စစ်ဌာန ၀န်ထမ်း မစန္ဒာဝင်းက မဇ္ဈိမကို ပြောသည်။



လုပ်ခလစာ တိုးမြှင့်ရေးနှင့် အလုပ်ချိန်လျှော့ချရေး၊ လစာနှစ်သောင်း ထပ်မံတိုးရေး၊ လစာတိုးမည်ဆိုပါက တရားဝင် စာထွက်ပေးရေးနှင့် အလုပ်သမားများကို အုပ်ချုပ်နေသူ အသစ်ခန့်ပေးရေး စသည့် အချက် ၄ ချက်ကို တောင်းဆိုကာ ဇွန်လ ၃၀ ရက် နံနက်က အလုပ်သမား နှစ်ထောင်ခန့်က ဆန္ဒပြခဲ့ခြင်းဖြစ်သည်။



ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သည့် မစန္ဒာဝင်းက "အခု မင်္ဂလာဒုံ အထွေထွေအုပ်ချုပ်ရေးမှူး ၀င်ရောက်ညှိနှိုင်းပေးတယ်။ အခုအလုပ်ရှင်နဲ့ အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုနေပါတယ်။ ကျွန်မတို့တောင်းဆိုထားတဲ့ အချက်တွေထဲက လစာကိုတော့ တစ်သောင်းပဲ တိုးပေးပါတယ်။ ဒါပေမယ့် အရင်ကထက် အဆင်ပြေတော့ ကျေနပ်ပါတယ်" ဟုပြောသည်။



တာရှင်း အထည်ချုပ်စက်ရုံတွင် ဆန္ဒပြမှု မပြုမီအထိ အနိမ့်ဆုံး လစာ ၃၀,၀၀၀ကျပ်မှ အမြင့်ဆုံးလစာငွေမှာ ကျပ် ၈၄,၀၀၀ဖြစ်ပြီး အလုပ်ချိန် နံနက် ၇နာရီမှ ည၈နာရီအထိ လုပ်ရသည်ဟု အလုပ်သမားများက ဆိုသည်။ လစာနည်းပြီး အလုပ်ချိန် များနေသည့်အတွက် အလုပ်သမားများက အခြားစက်ရုံများ နည်းတူ လစာ ရရှိရန်နှင့် အလုပ်ချိန် လျော့ပေးရန် ဆန္ဒပြခြင်း ဖြစ်သည်ဟု ဆန္ဒပြ အလုပ်သမား တစ်ဦးဖြစ်သူ မဖြိုးဇာနည်အောင်က ပြောသည်။



"အခြားစက်ရုံတွေက ပျမ်းမျှ လစာ တစ်သိန်းတစ်သောင်းရပါတယ်။ အလုပ်ချိန်ကလည်း ညနေ ၆ နာရီလောက်အထိပါပဲ။ အဲ့ဒါကြောင့် ဆန္ဒပြရတာပါ"ဟု ၎င်းကဆိုသည်။



မင်္ဂလာဒုံ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးညွန့်ဟန်က "အခု အလုပ်ရှင်ဘက်က Dailyကြေး ၈ ထောင်နဲ့ ရှားပါးစာရိတ် ၂ ထောင်တိုးပေးတယ်။ အလုပ်သများတွေ ဘက်ကလည်း ကျေနပ်ပါတယ်"ဟု မဇ္ဈိမကို ပြောသည်။



ဓာတ်ပုံ- တာရှင်းအထည်ချုပ်စက်ရုံရှေ့ အလုပ်မဆင်းဘဲ ဆန္ဒပြနေသည့် စက်ရုံ အလုပ်သမားတစ်ချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ- စန္ဒာဝင်း)







from Mizzima - News in Burmese's Facebook Wall http://ift.tt/1ohnbSc

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...