Skip to main content

ဥရုဂွေးနှင့်ပွဲတွင် နောက်ချန်တိုက်စစ်မှူးနေရာ ကစားရဖွယ်ရှိသည့်ရွန်နီကို အင်္ဂလန်အသ...



ဥရုဂွေးနှင့်ပွဲတွင် နောက်ချန်တိုက်စစ်မှူးနေရာ ကစားရဖွယ်ရှိသည့်ရွန်နီကို အင်္ဂလန်အသင်းဖော်များ ထောက်ခံ





Timeline Photos

ဥရုဂွေးနှင့်ပွဲတွင် နောက်ချန်တိုက်စစ်မှူးနေရာ ကစားရဖွယ်ရှိသည့်ရွန်နီကို အင်္ဂလန်အသင်းဖော်များ ထောက်ခံ .................................................. ဝေဘုန်းလူ ဘရာဇီး၊ ဇွန် ၁၈ အုပ်စုတွင်းအရေးပါသည့်ပွဲစဉ်တစ်ပွဲဖြစ်သော ဥရုဂွေးနှင့်ပွဲတွင် ရွန်နီကို နောက်ချန်တိုက်စစ်မှူးအဖြစ် အသုံးပြုရန် နည်းပြရွိုင်းဟော့ဒ်ဆန်က ပြင်ဆင်နေပြီး အင်္ဂလန်အသင်းဖော်များကလည်း ထောက်ခံကြသည်။ အီတလီကိုရှုံးနိမ့်ခဲ့သည့်ပွဲတွင် ယင်းနေရာ၌ စတာလင်ကစားခဲ့သော်လည်း သောကြာနံနက်ပိုင်းတွင် ကစားမည့်ပွဲအတွက်မူ ဟော့ဒ်ဆန်က ရွန်နီကိုအသုံးပြုရန် လေ့ကျင့်ခန်းအစီအစဉ်များ၌ ပြင်ဆင်ထားသည်။ မန်ယူတိုက်စစ်မှူးရွန်နီအနေဖြင့် အထောင်တိုက်စစ်မှူး စတူးရစ်ခ်ျနှင့် ကွင်းလယ်အကြားတွင် ချိန်ဆက်ပေး သည့် ကစားကွက်ဖန်တီးရှင်အဖြစ်လည်းကောင်း၊ နောက်ချန်တိုက်စစ်မှူးအဖြစ် လည်းကောင်း ကစားရမည် ဖြစ်သည်။ အင်္ဂလန်အသင်း၏လေ့ကျင့်ခန်းအစီအစဉ်တွင် စတာလင်းက ညာခြမ်းနှင့် ၀ဲလ်ဘက်က ဘယ်ခြမ်း တွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။ ကစားကွက်ဖော်ဆောင်သည့် အဓိကနေရာကို တာဝန်ယူရန်ရှိနေသည့် ရွန်နီက "ကမ္ဘာ့ဖလားမှာ အဆင်သင့်ဖြစ်နေဖို့အတွက် ကျွန်တော်လုပ်နိုင်သမျှလုပ်မယ်လို့ အစကတည်းက ပြောခဲ့ပြီးပါပြီ။ အဲဒီအတွက်လည်း အသင်းနဲ့မပူးပေါင်းမီ တစ်ပတ်လောက်အလိုကတည်းက အပိုလေ့ကျင့်ခန်းတွေလုပ်ခဲ့ပါတယ်။ တနလာင်္နေ့ကလည်း အပိုလေ့ကျင့်ခန်းတွေ လုပ်ခဲ့တာက ဒီသဘောပါပဲ"ဟု တနလာင်္နေ့တွင် အသင်းဖော်များ အပေါ့စားလေ့ကျင့် ခန်းများသာပြုလုပ်နေချိန် ကန်ချက်နှင့် ဘောလုံးပေးပို့မှုလေ့ကျင့်ခန်းများ တစ်ဦးတည်းပြင်းပြင်းထန်ထန်လုပ်ခဲ့သည် ရွန်နီ ကပြောသည်။ စတာလင်းကလည်း အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလားအိပ်မက်ဆက်လက်ရှင်သန်ရေးအတွက် ရွန်နီကို ကျေနပ် ပျော်ရွှင်စွာဖြင့်ပင် နေရာဖယ်ပေးမည်ဟု ပြောသည်။ အသက် ၁၉ နှစ်အရွယ်ရှိ စတာလင်က "နည်းပြထားကစားတဲ့ ဘယ်နေရာမဆို ကျွန်တော်ကျေကျေနပ်နပ်နဲ့ ကစားမှာပါ။ ကျွန်တော့်ရဲ့ ပထမဆုံးပြိုင်ပွဲအတွက် ရည်မှန်းချက်ကြီးကြီးထား နေပါတယ်။ တိုက်စစ်ကိုရော၊ ခံစစ်ကိုပါ ကူညီနိုင်ဖို့ အသင်းနဲ့အတူအပြင်းအထန်ကြိုးစားမှာပါ" ဟု ပြောသည်။ အင်္ဂလန်အသင်း၏ ဒုတိယအသင်းခေါင်းဆောင် လမ်းပတ်ကလည်း အင်္ဂလန်အသင်းအောင်မြင်နိုင်မည့် သော့ချက်ကို ရွန်နီက ကိုင်စွဲထားဟသည်ဟု ပြောသည်။ လမ်းပတ်က "ရွန်နီဟာ သာမန်ကစားသမားမဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့ဖလားမှာ အောင်မြင်ချင်တယ်ဆိုရင် ရွန်နီလိုကစားသမားမျိုးတွေက ဦးဆောင် လာကြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်နိုင်တဲ့ အရာဖြစ်လို့ပဲ။ ကျွန်တော်တွေ့ဖူးတဲ့ အင်္ဂလန် ကစားသမားတွေ ထဲမှာတော့ ရွန်နီက အသန်မာဆုံးပါပဲ။ သူ့အသက် ၁၇ နှစ်အရွယ်တုန်းကပုံစံကို ကျွန်တော်မှတ်မိနေသေးတယ်။ ရွန်နီဟာ ကွင်းထဲမှာ သူဘာလုပ်နိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောသည်။ သောကြာနံနက်ပိုင်းတွင် ကစားမည့်ပွဲစဉ်မှာ အုပ်စု ဃ အဖွင့်ပွဲတွင် အသီးသီးရှုံးပွဲကြုံထားကြသော အင်္ဂလန်နှင့် ဥရုဂွေးတို့အတွက် လွန်စွာအရေးပါနေပြီး ရှုံးနိမ့်သောအသင်းမှာ အုပ်စုအဆင့်မှပင် လှည့်ပြန်ရဖွယ်ရှိနေသည်။ ရည်ညွှန်း ဂါးဒီးယန်း၊ ဘီဘီစီ

from Mizzima - News in Burmese's Facebook Wall http://ift.tt/1necEDS

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3