Skip to main content

အသက် ၅ နှစ်မှ ၁၆ နှစ်အတွင်း လမ်းပေါ်ကလေးများအတွက် ညပိုင်းစောင့်ရှောက်ရေးဂေဟာ ဖွင့်မည်



ရန်ကုန် ၊ မဇ္ဈိမ။ ။ အသက် ၅နှစ်မှ ၁၆နှစ်အထိ လမ်းပေါ်ကလေးငယ်များကို မွေးစာရင်းနှင့် မှတ်ပုံတင်များပါ ပြုလုပ်ပေးပြီး ညပိုင်းစောင့် ရှောက်ရေးဂေဟာဖွင့်လှစ်ပြီး စောင့်ရှောက်ပေးခြင်းကို ရပ်ရွာအခြေပြု ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စောင့်ရှောက်ပေးသွားမည်ဟု ရတနာ့ မေတ္တာ အဖွဲ့ဥက္ကဌ ဦးမြင့်ဆွေက မဇ္ဈိမကို ပြောသည်။

အဆိုပါလမ်းပေါ်ကလေးများ စောင့်ရှောက်နိုင်ရန် ညပိုင်း စောင့်ရှောက်ရေးဂေဟာကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အောက်တိုဘာလတွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး အဆိုပါဂေဟာ မှ ကလေးများကို စက်မှု၊လက်မှု သင်တန်းများ တတ်ရောက်နိုင်ရန် ကူညီသွားမည်ဖြစ်သည်။ထိုသို့ စောင်ရှောက်နိုင်ရန် ရပ်ရွာအခြေပြုကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ ၇၈ ဖွဲ့နှင့် ရတနာ့မေတ္တာ အဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်သည်။


“ဂေဟာဖွင့်လှစ်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းသွားမယ်။ဂေဟာဖွင့်ပြီးသွားရင် ကလေးတွေကို သင်တန်းတွေ တတ်နိုင်အောင် ပံ့ပိုးကူညီမှုတွေ ပေးသွားမယ်” ဟု ဦးမြင့်ဆွေက ပြောသည်။


ကလေးများ ကာကွယ်စောင့်ရှောက်ခံရမှု လျော့နည်းပါက အကြမ်းဖက်ခံရခြင်း၊ လွဲမှားစွာပြုမှုဆက်ဆံခံခြင်း၊ ကလေးလုပ်သားအဖြစ် အသုံးချခံရခြင်းနှင့် လူကုန်ကူးခြင်းခံရခြင်းများ ကြုံတွေ့နိုင်သည့်အတွက် အဆိုပါကလေးများကို မွေးစာရင်း မှတ်ပုံတင်ပြုလုပ်ပေးခြင်း နှင့် အကြမ်းဖက်ခံရမှုများမှ ကာ ကွယ်စောင့်ရှောက်ပေးသွားမည်ဟု ၄င်းက ဆိုသည်။


အဆိုပါ ညပိုင်းဂေဟာကို ကလေးငယ်များ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတတ်စေရန်သော ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပေါ်လာစေရန် ၊ ကလေးများ၏ ရှင်သန်ခွင့် ၊ဖွံ့ဖြိုးတိုးတတ်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့်များအပြည့်အဝပုံဖော်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။


မြန်မာနိုင်ငံလုံးဆိုင်ရာကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကွန်ယက်မှ စီမံကိန်းဒါရိုက်တာ ဦးအာကာစိုးနောင်က“လမ်းပေါ်ရောက်ကလေးတွေ ပပျောက်ဖို့ နေ့ပိုင်း၊ညပိုင်း စောင့်ရှောက်ရေးဂေဟာ တွေ ရှိတာနဲ့တင်လည်း မလုံလောက်ပါဘူး။ ဒီပြဿနာက အားလုံးအဖြေရှာရမယ့် အချိန်ရောက်နေပါပြီ” ဟုပြောသည်။


ကလေးငယ်များပြုစုစောင့်ရှောက်ပေးနေသည့် ရတနာ့မေတ္တာအဖွဲ့မှ ကလေးငယ်များစောင့်ရှောက် ပေးနိုင်ရန် ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်တွင် ရွာပေါင်း၂ဝ၊ ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့ရှိ ရပ်ကွက် ၁ဝခု ၊ရန်ကုန်တိုင်းဒေသကြီးတွင် မြို့ နယ်၂၂ခု၊ ရပ်ကွက်ပေါင်း၎ဝ၊ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ် ရပ်ကွက်ရှစ် ခု၊ရှမ်းပြည်နယ်၊တောင်ကြီးမြို့ရှိ ရပ်ကွက်ရှစ်ခုတွင် ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ် စောင့်ရှောက် ရေးစနစ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုဦးမြင့်ဆွေကပြောသည်။


၂ဝဝ၆ခုနှစ် လူမှုဝန်ထမ်းဦးစီးဌာနသို့ မှတ်ပုံတင်ထားသည့် ဂေဟာပေါင်း၂၁၇ခုတွင် ကလေးသူငယ်ပေါင်း ၁၇ဝဝဝ ကျော်စောင့်ရှောက်ထားကာ ၂ဝ၁၄ခုနှစ်တွင် ဂေဟာပေါင်း၂၂၇ခုတွင် ကလေးသူငယ်ပေါင်း ၂ဝဝဝဝ ကျော်ရှိသည်ဟုလှုမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။


Written By ဇာနည်အောင်

Mizzima - News in Burmese






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/TtW2ju

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...