Skip to main content

မဟာသနိ္တသုခကျောင်းတိုက် စီမံခန့်ခွဲမှုကိစ္စ (မဟန) အစည်းအဝေးလုပ်၍ ဆုံးဖြတ်မည် အေြး...



မဟာသနိ္တသုခကျောင်းတိုက် စီမံခန့်ခွဲမှုကိစ္စ (မဟန) အစည်းအဝေးလုပ်၍ ဆုံးဖြတ်မည်



အေးမြင့်စန်း၊ ယုဝေ| တနင်္လာနေ့၊ ဇွန်လ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်



ချိတ်ပိတ်ထားသည့် မဟာသနိ္တသုခ ကျောင်းတိုက် စီမံခန့်ခွဲမှုကို လက်ရှိတွင် တိုင်းအစိုးရအဖွဲ့က တာဝန်ယူနေပြီး မည်သို့ဆက်လုပ်မည်ဆိုသည်ကို နိုင်ငံတော် သံဃမဟာနာယက ဗဟိုဝန်ဆောင် သံဃာတော် ၄၇ပါး အစည်းဝေးလုပ်ကာ ဆုံးဖြတ်မည်ဟု သာသနာရေးဦးစီးဌာန၊ ၀ိနိစ္ဆယ ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ဇွန် ၁၅ရက်တွင် မဇ္ဈိမကို ပြောသည်။



ဇွန်လ ၁၁ ရက်က အဆိုပါကျောင်းတိုက်နေ ပီနန်ဆရာတော်ကြီး၏ တပည့်များကို အင်အားသုံးဖယ်ရှားခဲ့အပြီး အနာဂတ်တွင် မည်သို့စီမံခန့်ခွဲမည်ကို (မဟန) က ဆုံးဖြတ်ရန် စီစဉ်ခြင်းဖြစ်သည်။



လက်ရှိတွင် ပီနန်ဆရာတော်ကြီး၏ တပည့်များဖြစ်သည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးကို လူဝတ်လဲစေပြီး သာသနာတော် ညှိုးနွမ်းစေမှု ၂၀/၉၀ ဖြင့် စွဲချက်တင်ကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။



အဆိုပါဖြစ်ရပ်အပေါ် ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က တိုင်း၊ မြို့နယ်သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ အမိန့်ကို မလိုက်နာခြင်း၊ သံဃာစည်းရုံးလှုံ့ဆော်ခြင်း၊ သံဃာထုနှင့် လူပုဂ်္ဂိုလ်များ စည်းလုံးညီညွတ်မှု ပျက်ပြားစေမည့်သတင်းများ ဖြန့်ချိခြင်း၊ သံဃာအဖွဲ့စည်းတစ်ရပ်လုံးရဲ့ စည်းကမ်းချက်များကို ဖောက်ဖျက်သဖြင့် သာသနာတော် ညှိုးနွမ်းစေမှု ၂၀/ ၉၀ ဖြင့် အရေးယူရခြင်းဖြစ်သည်ဟု ပြောသည်။



ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က “တရားရုံးမှာကျတော့ ရင်ဆိုင်တဲ့အခါ တရားရုံးထုံးစံအရ သိက္ခာချ လူဝတ်လဲရပါတယ်၊ သက်ဆိုင်ရာတရားရုံးရဲ့ ဥပဒေအတိုင်းလုပ်ရတာ၊ ထောင်ဒဏ် ခြောက်လကနေ သုံးနှစ်အထိ အရေးယူလို့ရတယ်”ဟု ပြောသည်။



သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က မဟာသနိ္တသုခ ကျောင်းတိုက်ကို မြန်မာပြည်အတွင်းရှိ သံဃာထုငါးသိန်းလုံးကို ကိုယ်စားပြုသည့် မဟနပိုင်ဆိုင်သည့် သံဃာပိုင်ပစ္စည်း ဖြစ်သည့်အတွက် ပီနန်ဆရာတော်ထံ လွှဲပြောင်းပေးရန်မရှိဟု ဆိုသည်။



သမ္မတအနေဖြင့်မူ ယင်းအရေး ၀င်ရောက်ဖြေရှင်းပေးရန်မရှိဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဇွန် ၁၄ ရက်တွင် မဇ္ဈိမကို ပြောထားသည်။



အစိုးရက ပီနန်ဆရာတော်ကြီး ခေတ္တ သီတင်းသုံးရန်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး သံဃာ၊ လူပရိသတ်အင်အားများပြားလာသည့်အတွက် ဖယ်ရှားရခြင်းဖြစ်သည်ဟု ဆိုသည်။



သီတဂူဆရာတော် ဦးဉဏိဿရကမူ “ဘုန်းကြီးစွမ်းအားရှင်တွေ ကျနေတာပဲ၊ မလုပ်သင့်ဘူး၊ ဒါ ဒေ၀ဒတ်နည်းလမ်းပဲ”ဟု ဇွန် ၁၅ရက်တွင် မဇ္ဈိမကို မိန့်သည်။ အဆိုပါဖြစ်စဉ်တွင် ရန်ကုန်တိုင်း (မဟန) ဆရာတော်အချို့ဦးဆောင်ကာ ၀င်ရောက် ဖယ်ရှားခဲ့သည်ကို ရည်ညွှန်း၍ ဆရာတော်က မိန့်ကြားခြင်းဖြစ်သည်။



သံဃာတော်များကို ထိုသို့ဖမ်းဆီးကာ လူဝတ်လဲ အရေးယူခြင်းကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် လန်ဒန်ရောက် မြန်မာနှင့် သံဃာများအားလုံး လန်ဒန်တွင် တနင်္လာနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ မှ ၂ နာရီထိ မြန်မာသံရုံးရှေ့ စုဝေးဆန္ဒပြရန် စီစဉ်ထားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1kFioVS

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...