ဥရုချောင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ငှက်ပျောတောရပ်ကွက်တွင် ဇွန်လ ၂၉ရက်က ၇ပေခန့်အထိ နစ်မြုပ်ခဲ့ပြီး ဇွန်လ ၃ဝ ရက်တွင် ရေပြန်ကျသွားပြီဟု ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဘဏ္ဍာရေးမှူး ဦးသောင်းစံက မဇ္ဈိမကို ပြောသည်။
“မနေ့ကတော့ ကမ္ဘောဇဘဏ် လှေကားအထိ ရောက်တယ်။ ဘဏ်ထဲတော့ မဝင်ဘူး။ ငှက်ပျောတောရပ်ကွက်က လူတရပ်ကျော်ဆိုတော့ ၆ ပေ၊ ၇ ပေထိ ပေါ့။ ဖားကန့်မှာ မိုးရွာတာက နည်းနည်းပဲ။ ဒါပေမဲ့ အထက်ဥရုချောင်းရဲ့ မြစ်ဖျားခံတဲ့နေရာမှာ တအားရွာတော့ ချောင်းရေက လျှံတက်လာတာ”ဟု ဦးသောင်းစံက ပြောသည်။
ဖားကန့်တွင် ဥရုချောင်းရေလျှံကာ ၇ ပေခန့်အထိ ရေလွှမ်းခဲ့ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1r54sfX
Comments
Post a Comment