Skip to main content

သဲကုန်းလယ်သမားများ ဇူလိုင် ၂ရက်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွဲကြမည် ခင်မြတ်မြတ်ဝေ...



သဲကုန်းလယ်သမားများ ဇူလိုင် ၂ရက်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွဲကြမည်



ခင်မြတ်မြတ်ဝေ



ရန်ကုန်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာမှ သိမ်းဆည်းခံထားရသည့် လယ်မြေများ ပြန်ရရေးအတွက် ဇူလိုင်၂ရက်တွင် လယ်သမားများက

ထွန်းတုံးတိုက်ပွဲဆင်နွဲမည်ဟု လယ်သိမ်းဆည်ခံထားရသည့် ဒေါ်ကြင်ရွှေက မဇ္ဈိမကိုပြောသည်။



လယ်သမားများ၏ ထွန်တုံးတိုက်ပွဲအတွက် ခွင့်ပြုမိန့် မတောင်ဘဲ ဆန္ဒပြမည်ဟု ဒေါ်ကြင်ရွှေက ဆိုသည်။



"ကျွန်မတို့ ခွင့်ပြုမိန့် တောင်းတိုင်း မရခဲ့ဘူး။ အဲဒါကြောင့် ခွင့်ပြုမိန့်ကို မတောင်းတော့ဘူး။ ခွင့်ပြုမိန့် မရလည်း ကျွန်မတို့က ဆက်လုပ်သွားမယ်"ဟု ၎င်းကပြောသည်။



ယင်းထွန်းတုံးတိုက်ပွဲကို သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာတွင် ဇူလိုင်လ ၂ရက်မှ ၅ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အောင်ကုန်းကျေးရွာရှိ ဦးထိုင်ထိုင်က သိမ်းဆည်းထားသည့်

လယ်ဧက၂၀၀ပေါ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။



ဦးထိုင်ထိုင်က "တွန်းတုံးတိုက်ပွဲလုပ်မှာတော့မသိဘူး။ လုပ်ချင်ရင်တော့လုပ်ပေါ့ ။ကျွန်တော်တို့က သက်ဆိုင်ရာတွေနဲ့ ညှိဖို့ပြောထားတယ်။ သက်ဆိုင်ရာတွေကို စာတင်ထားတယ်။ ၁လလောက်ရှိပြီ"ဟု မဇ္ဈိမကို ပြောသည်။



ထွန်တုံးတိုက် ဆန္ဒပြပွဲတွင် သဲကုန်းမြို့အနယ်အတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခြင်း ခံထားရသည့် ရွာများဖြစ်သည့် အောင်ကုန်းကျေးရွာ၊ ကဇွန်းအင်းကျေးရွာ၊ သင်တောကျေးရွာ၊ ယင်းထိုက်တန်ကျေးရွာ၊ နှောကုန်းကျေးရွာ၊ စောက်ခြုံကြီးကျေးရွာ၊ ပေါက်မော်ကျေးရွာနှင့် တပင်မှော်ကျေးရွာတို့မှ လယ်သမားများ စုပေါင်း၍ပြုလုပ်သွားမည်။



၁၉၉၉ခုနှစ်က တပ်မ၆၆မှ ယင်း ရွာရှစ်ရွာမှ မြေဧက၂၁,၀၆၄ဧကကို သိမ်းဆည်းခဲ့ပြီး ၂၀၁၁ခုနှစ်တွင် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ ၁၁၅၉.၅၅ဧကကို အမှတ်(၃) လက်ကားသမ၀ါယမအသင်း လီမိတက်အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် ဦးထိုင်ထိုင်ကို ရောင်းချခဲ့ပြီး ဦးထိုင်ထိုင်က ယနေ့အထိ ငါးကန်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။



ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် တောင်သူများက ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလက စတင်ကာ သပိတ်စခန်းဖွင့်ခြင်း၊ ကျိန်စာတိုက်ပွဲပြုလုပ်ခြင်း၊ အခေါင်းမီးရှို့ပွဲ ပြုလုပ်ခြင်း ဆန္ဒပြဆုတောင်းပွဲ ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ပုဒ်မ(၁၈)ဖြင့် လေးဦး၊ ကျိန်စာတိုက်မှုကြောင့် ပုဒ်မ၅ဝ၅(ခ)ဖြင့်ငါးဦး၊ ဆုတောင်းဆန္ဒပြမှုကြောင့် ပုဒ်မ၅ဝ၅(ခ)ဖြင့် လေးဦး တရားဆွဲဆိုခံရသည်။ ဆန္ဒပြ ခေါင်းဆောင်များထဲမှ ကိုပေါက်စ၊ ဒေါ်ညို၊ ကိုမောင်ဝင်း စသည့် လယ်သမားသုံးဦးကို ပေါင်းတည်ထောင်တွင် ဖမ်းဆီးထားပြီး ကိုကောင်းထက်ကျော် နှင့် မခင်မာအေးမှာ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1ocFo3l

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...