လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် တာဝန်ထမ်းဆောင် နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို အမျိုးသမီးတစ်ဦးက အရိုးအသွား ရှစ်လက်မခန့်ရှိ ကြက်သွန်လှီးဓားဖြင့် ထိုးသည်ဟုဆိုကာ ဆားလင်းကြီး မြို့မရဲစခန်းက ကျူးလွန်သူကို ဇွန် ၂၅ ရက်က အမှုဖွင့် ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။
ဓားဖြင့် ထိုးခံရသူမှာ ရဲတပ်ဖွဲ့ဝင်မှာ အမှတ်(၂၈)မှ ရဲတပ်ဖွဲ့ဝင် ကိုယ်ပိုင်အမှတ် လ/၁၉၄၉၁၃ ရဲတပ်သား ထွန်းတင် ဆိုသူဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံခြုံရေးကင်းအမှတ် 8MCC နေရာရှိ ဘား တိုက်ရှေ့တွင်ထိုင်နေစဉ် အမျိုးသမီးတစ်ဦး၏ ဓားဖြင့်ထိုးမှုကို ခံရခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရ သည်။
လက်ပံတောင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1iAZPYG
Comments
Post a Comment