Skip to main content

တုံ့ပြန်ကြေညာချက်များ တရားဝင်ပေးပို့ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တိုက်...



တုံ့ပြန်ကြေညာချက်များ တရားဝင်ပေးပို့ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တိုက်တွန်း



ရန်ကုန်၊ ဇွန် ၇



ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုများသည် အခြေခံဥပဒေဘောင် ကျော်နေကြောင်း အသိပေးမှုအပေါ် ပြန်လည် ထုတ်ပြန်သော NLD ပါတီနှင့် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) ၏ ကြေညာချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ဥပဒေနှင့်အညီ တရားဝင် ပေးပို့ရန် တိုက်တွန်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။



ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးခြင်းမှာ လုံးဝသင့်လျော်မှု မရှိဟု NLD ပါတီ၏ တုံ့ပြန် ကြေညာချက်နှင့် ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားစာကို အမြန်ဆုံး ရုပ်သိမ်းပေးရန် ဇွန်လ ၄ ရက်နေ့ထုတ် HRW ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။



“ကျွန်တော်တို့က တရားဥပဒေနဲ့အညီ တရားဝင် စာပို့ပြီး အကြောင်းကြားတာ၊ နိုင်ငံတော်အဆင့် ဖွဲ့စည်းထားတဲ့ ကော်မရှင်ကို မပို့ဘဲနဲ့ ပါတီ၊ အဖွဲ့အစည်းတွေက သူတို့ဘာသာ ကြေညာချက် ထုတ်တာကတော့ တရားမဝင်ပါဘူး” ဟု ၎င်းကဆိုသည်။



ယင်းသို့ တုံ့ပြန် ကြေညာချက် ထုတ်ပြန်ခြင်းမှာ ပါတီတစ်ခု၏ လုပ်ပိုင်ခွင့် ဖြစ်ပြီး မိမိပါတီ သဘောထားကို အများပြည်သူ သိသာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

“ကြေညာချက် ထုတ်ပြန်ပြီ ဆိုကတည်းက အားလုံးနဲ့ သက်ဆိုင်ပါတယ်၊ ပြည်သူကော အစိုးရကော သိစေချင်လို့ ထုတ်ပြန်တာပါ။ တရားမဝင်ဘူးလို့ ပြောလို့ မရပါဘူး” ဟု ၎င်းကဆိုသည်။



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) အရ မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိကြောင်းနှင့် ပုဒ်မ ၄၀၆ တွင် နိုင်ငံရေးပါတီ တစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံး ဟောပြောခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားချက်များနှင့်အညီ ဟောပြောဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အခြေခံဥပဒေကို ဘောင်ကျော်ခြင်း မရှိကြောင်း ဇွန်လ ပထမပတ်အတွင်း ထုတ်ပြန်သော NLD ပါတီ ကြေညာချက်တွင် ပါရှိသည်။



ထို့အပြင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ထားသော အသိပေး အကြောင်းကြားခြင်းကို အမြန်ဆုံး ရုပ်သိမ်းပေးသင့်သည်သာမက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်ပိတ်ပင်မှုများ မပြုသင့်ဘဲ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရကလည်း အဆိုပါ ကန့်သတ်မှုများကို လက်မခံကာ ပယ်ချသင့်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။



တပ်မတော်သား ကိုယ်စားလှယ်များသည် အာဏာနှင့် အထူးအခွင့်အရေးကို မက်မောခြင်းကြောင့် နိုင်ငံရေးလုပ်ခြင်း မဟုတ်ကြောင်း သက်သေပြရန် စိန်ခေါ်ကြောင်း မေလ ၁၈ ရက်နေ့ မန္တလေးမြို့ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်သည် အခြေခံဥပဒေက ခွင့်ပြုထားသော ဘောင်ကို ကျော်လွန်နေသည်ဟု ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က NLD ပါတီသို့ မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သတိပေး ညွှန်ကြားချက်တစ်စောင် ပေးပို့ထားသည်။



နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် အခြေခံဥပဒေကို လေးစားရန် ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်သည်ဟု တွေ့ရှိပါက နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားချက် ထုတ်ပြန် အသိပေးနိုင်သည့် အပြင် ညွှန်ကြားချက်ကို မလိုက်နာပါက သက်ဆိုင်ရာပါတီကို သုံးနှစ် ဆိုင်းငံ့ထားခြင်းနှင့် ပါတီမှတ်ပုံတင် ပယ်ဖျက်ခြင်းတို့ဖြင့် အရေးယူနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1oJE0Ep

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...