Skip to main content

ဖားကန့်ဒေသတွင်း အခြေအနေ ဖြေရှင်းပြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော မြစ်ကြ...



ဖားကန့်ဒေသတွင်း အခြေအနေ ဖြေရှင်းပြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော



မြစ်ကြီးနား၊ ဇွန် ၁၄



ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ငန်းများနှင့် ရေမဆေး ကျောက်ရှာဖွေသူများကို ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ဖားကန့်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကြီးကြပ်မှုကော်မတီက ကြေညာချက် ထုတ်ကာ အရေးယူမှုများ လုပ်ဆောင်ခဲ့သည့် အဖြစ်အပျက်များကို ဖြေရှင်းပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောကြားသည်။



ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း ဒေသတွင်း အမိန့်ကြေညာချက် ထုတ်ကာ အရေးယူမှုများနှင့် လက်ရှိ ဒေသတွင်း အခြေအနေများကို မေးမြန်းစဉ် ဝန်ကြီးချုပ်က ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။



ဖားကန့်ဒေသတွင် ဖြစ်ပွားသွားခဲ့သော ယင်းဖြစ်စဉ်များမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ပြည်ပခရီးစဉ်တစ်ခု သွားရောက်နေချိန်၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်များဖြစ်ပြီး ဝန်ကြီးချုပ် ပြည်ပခရီးစဉ်မှ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အကောင်းဆုံး အနေအထား ဖြစ်စေရန် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြေကြားခဲ့သော်လည်း မည်ကဲ့သို့ ဆောင်ရွက်ထားသည် ဆိုခြင်းကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။



“ဒီလိုကြုံနေရတဲ့ ပြည်သူတွေကို ပစ်မထားပါဘူး။ အားလုံး စနစ်တကျနဲ့ ဥပဒေအတိုင်း ဖြစ်ဖို့၊ သူတို့လည်း အဆင်ပြေစေဖို့ ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ ရှိပါတယ်။ ချက်ချင်းကြီးတော့ လုပ်လို့ မရဘူး။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေကို စဉ်းစားရမှာပါ” ဟု ဝန်ကြီးချုပ်က မှတ်ချက်ပြုသည်။



ဖားကန့်ဒေသတွင် ဒေသတွင်း အာဏာပိုင် အဖွဲ့အစည်းများက ကျောက်စိမ်းလုပ်ငန်းရှင်များနှင့် ရေမဆေး ကျောက်ရှာဖွေသူများကို ဖယ်ရှားပေးရန် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့မှ စတင်၍ သတိပေးကြေညာ ဆိုင်းဘုတ်များ စိုက်ထူကာ အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ရေမဆေး ကျောက်ရှာဖွေသူ အချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဖားကန့်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။



ဝန်ကြီးချုပ်၏ ပြောကြားချက်များနှင့် ဖားကန့်ဒေသတွင်း အခြေအနေများကို နှိုင်းယှဉ် သိရှိနိုင်ရန်အတွက် The Voice က ဖားကန့်ဒေသရှိ သတင်းရင်းမြစ်များထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရေမဆေး ကျောက်သမားများ နေထိုင်ရာ တဲများကို ဖျက်ဆီးလျက် ရှိပြီး ရေမဆေး ကျောက်ရှာဖွေသူများကိုလည်း လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။







from The Voice Weekly's Facebook Wall http://ift.tt/1vkgMIM

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...