Skip to main content

အိန္ဒိယ ရွှေကျောင်းတော် ပဋိပက္ခ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရ နယူးဒေလီ၊ ဇွန် ၅ အိ...



အိန္ဒိယ ရွှေကျောင်းတော် ပဋိပက္ခ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရ



နယူးဒေလီ၊ ဇွန် ၅



အိန္ဒိယနိုင်ငံ ရွှေကျောင်းတော်၌ ဆစ်ခ်အုပ်စုများကြား ဓားကိုင် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ရွှေကျောင်းတော်ကို စစ်တပ်က ၁၉၈၄ ခုနစ်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့မှု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။



အောက်မေ့ဖွယ် အခမ်းအနားတွင် မည်သူက ဦးစွာ စကားပြောသင့်ကြောင်း အချင်းများရာမှ တစ်ဆင့် ဆစ်ခ်ဘာသာဝင်များ၏ အမြင့်မြတ်ဆုံး ဘုရားကျောင်းတော်၌ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ကြောင်း သတင်းထောက်များက ပြောကြားသည်။



ဘုရားကျောင်းတော် လှေကားများအတိုင်း ပြေးဆင်းသွားသူများက ၎င်းတို့၏ ဓားများ ဝှေ့ရမ်းသွားသည်ကို မှတ်တမ်းများတွင် တွေ့နေရသည်။



ယင်းကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၃ ဦးကို ဆေးရုံသို့ တင်ပို့ ပေးထားရသည်။



အန်ရစ်စတာဒေသရှိ ရွှေကျောင်းတော်တွင်းရှိ ဆစ်ခ်ခွဲထွက်ရေး ဝါဒီများကို ကြယ်ပြာစစ်ဆင်ရေးဟု အမည်ပေးသွားသည့် စစ်ရေးစီးနင်းမှုဖြင့် ၁၉၈၄ ခုနစ်တွင် ဖြေရှင်းခဲ့ခြင်းကြောင့် လူပေါင်း ၄၀၀ ကျော်နှင့် စစ်သား ၈၇ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောကြားသည်။



သို့သော်လည်း သေဆုံးသူ အရေအတွက်မှာ အစိုးရအဖွဲ့ ပြောကြားသည်ထက် ပိုမိုပြီး ၁၀၀၀ နီးပါးထိ ရှိကြောင်း ဆစ်ခ်အုပ်စုများက ပြောကြားသည်။



လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က ဖြစ်ပွားခဲ့သည့် သတ်ဖြတ်ခံရမှု ဖြစ်ရပ် အထိမ်းအမှတ်အဖြစ် ရာပေါင်းများစွာသော ဆစ်ခ်ဘာသာဝင်များက ဇွန်လ ၆ ရက်နေ့တွင် ရွှေကျောင်းတော်၌ စုဝေးခဲ့သော်လည်း နောက်ပိုင်းတွင် ပဋိပက္ခများအဖြစ် ပြောင်းလဲသွားခဲ့သည်။



“၁၉၈၄ အာဇာနည်တွေကို အောက်မေ့သတိရဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ အဲဒီအဖြစ်အပျက်က အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်” ဟု ပန်ဂျပ်ပြည်နယ် အာဏာရပါတီ ဆီရိုမာနီ အကာလီအဲ၏ ပြောရေးဆိုခွင့်ရှိသူ ဆင်းချဒူမာရာက ပြောကြားသည်။



“ရွှေကျောင်းတော်က ဒီနေ့မှာလည်း ဂုဏ်သိက္ခာမဲ့ ဖြစ်ရပြန်ပြီ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။



အထွတ်အမြတ်ထားရာ ရွှေကျောင်းတော်အတွင်း ပဋိပက္ခဖြစ်ပွားခြင်းကို လက်မခံနိုင်ကြောင်း အဆိုပါ ဖြစ်ရပ်တွင်း ပါဝင်သူများကို ကျောင်းစီမံရေးအဖွဲ့က အရေးယူသွားမည် ဖြစ်ကြောင်း ဆင်းချဒူမာရာက မှတ်ချက်ပြုသည်။







from The Voice Weekly's Facebook Wall http://ift.tt/1pOJJfD

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...