ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များအပြီးတွင် ဂိုးသွင်းအများဆုံးအဖြစ် ဘွန်ဒစ်လီဂါနှင့် ဘေယန်မြူးနစ်တို့ ဦးဆောင်နေ
ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များအပြီးတွင် ဂိုးသွင်းအများဆုံးလိဂ်အဖြစ် ဘွန်ဒစ်လီဂါနှင့် ဂိုးသွင်းအများဆုံးအသင်းအဖြစ် ဘေယန်မြူးနစ်တို့မှ ဦးဆောင်လျက်ရှိကြောင်းသိရသည်။ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းမှာ ကလပ်အလိုက်သွင်းဂိုးတွင် (၈)ဂိုးဖြင့် တတိယနေရာတွင်သာရှိနေသော်လည်း ကစားသမား(၆)ဦးဖြစ်သည့် ဗန်ပါစီ၊ ဟာနန်ဒက်ဇ်၊ ရွန်နီ၊ မာတာ၊ နာနီ၊ ဖယ်လေနီတို့က ဟော်လန်၊ မက္ကဆီကို၊ အင်္ဂလန်၊ စပိန်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံအသင်းတို့နှင့် ဂိုးများသွင်းယူနိုင်ခဲ့ကြပြီး မတူညီသည့်အသင်းများနှင့် ဂိုးအများဆုံးသွင်းယူထားသည့်အသင်းအဖြစ် မှတ်တမ်းဝင်လျက်ရှိကြောင်းသိရသည်။
ကမ္ဘာ့ဖလားအုပ်စုအဆင့်တွင် ဂိုးသွင်းအများဆုံးလိဂ်(၇)ခု
ဘွန်ဒစ်လီဂါ - ၂၆ ဂိုး
ပရီးမီးယားလိဂ် - ၂၅ ဂိုး
လာလီဂါ - ၂၀ ဂိုး
စီးရီးအေ - ၁၀ ဂိုး
ပြင်သစ်လိဂ် - ၉ ဂိုး
ပေါ်တူဂီလိဂ် - ၈ ဂိုး
မက္ကဆီကိုလိဂ် - ၅ ဂိုး
ဂိုးသွင်းအများဆုံးကလပ်(၇)သင်း
ဘေယန်မြူးနစ် - ၁၂ ဂိုး
ဘာစီလိုနာ - ၉ ဂိုး
မန်ယူ - ၈ ဂိုး
ပေါ်တို - ၄ ဂိုး
ရီးယဲယ်မက်ဒရစ် - ၄ ဂိုး
PSV - ၃ ဂိုး
လီဗာပူးလ် - ၃ ဂိုး
ကမ္ဘာ့ဖလားတွင် (၄)ဂိုးသွင်းယူထားသည့် ဂျာမနီအသင်းမှ ဘေယန်မြူးနစ်တိုက်စစ်မှူး မူလာ
from Eleven Media Group's Facebook Wall http://ift.tt/1wEqoig
Comments
Post a Comment