ခရီးသည်တင် ယာဉ် နှစ်စီးအပြိုင်မောင်းနှင်ရာမှ တစ် ဖက်ယာဉ်ကြောတွင် မောင်းနှင် လာသော ဆိုင်ကယ်ကို ၀င်တိုက် မိရာ ဆိုင်ကယ်ပေါ်မှ အသက် နှစ်ဆယ်ဝန်းကျင် လူငယ်နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခရီးသည် တင်ယာဉ်ပေါ်ပါ ခရီးသည် ဆယ် ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ဇွန်လ ၇ ရက် နံနက် ၈ နာရီ ခွဲအချိန်ခန့်က ဇလွန်မြို့နယ် မေရီလန်းကျေးရွာအနီး ဟင်္သာတ- ရန်ကုန်ကားလမ်းမိုင်တိုင်အမှတ် ၂၉/၆နှင့် ၂၉/၇ အကြား ဟင်္သာ တမှ ရန်ကုန်သို့မောင်းနှင်လာ သော စိန်နိုင်ကျော်ခရီးသည်တင် ယာဉ်သည် အခြားခရီးသည်တင် ယာဉ်တစ်စီးနှင့် အပြိုင်မောင်းနှင် လာရာ တစ်ဖက်လမ်းကြောမှ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ၀င်တိုက်ခဲ့၍ ဆိုင်ကယ်ပေါ်တွင် ပါလာသော လူငယ်နှစ်ဦးမှာ အခင်းဖြစ်ပွားသည့် နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
ခရီးသည်တင်ယာဉ်နှစ်စီး အပြိုင်မောင်းရင်း ဆိုင်ကယ်ကို တိုက်မိ၍ လူငယ်နှစ်ဦး သေဆုံး - သစ�
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1ppgZI5
Comments
Post a Comment