ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းက ပက်ရှဝါ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဇွန် ၂၄ ရက်နေ့ညက ခရီး သည်တင် လေယာဉ်တစင်းကို သေနတ်သမားတွေရဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခရီးသည်အမျိုးသမီးတဦး သေဆုံးခဲ့ပြီး လေယာဉ်ဝန်ထမ်း ၃ ဦး ဒဏ်ရာ ရရှိသွားကြပြီး လေယာဉ်မှူးလည်း ကျည်ဆံနဲ့ သီသီလေး ကပ်လွတ်ခဲ့တယ်လို့ ဆိုပါတယ်။
ခရီးသည် ၁၇၈ ဦးနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံကနေ ထွက်ခွာတဲ့လေယာဉ် ဖြစ်ပြီး လေယာဉ်ဆင်းခါနီးမှာ အပစ်ခံရတာ ဖြစ်ပါတယ်။ လေယာဉ်အင်ဂျင်လည်း အနည်းဆုံး ကျည်ဆံတချက်ထိမှန်ခဲ့တယ်လို့ လေဆိပ်ရဲအရာရှိတဦးက ဆိုပါတယ်။
ပါကစ္စတန်ရှိ ပက်ရှဝါလေဆိပ် တိုက်ခိုက်ခံရ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ - သစ်ထူးလွင် (နေ့စဉ်သတင်း) -
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1loQAtY
Comments
Post a Comment