ဖိနပ်ချုပ်သည့် အလုပ်လုပ်ကိုင်သည့် အမျိုးသားတစ်ဦး ငွေကြေးအဆင်မပြေသဖြင့် မိမိကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၁၇ ရက်၊ နံနက် ၅ နာရီဝန်းကျင်က သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်ပွားပုံမှာ သာကေတမြို့နယ်၊ ၃/ မာန်ပြေရပ်ကွက်အတွင်း နေထိုင်သည့် အောင်မျိုးသူ(၃၅)နှစ်သည် ၎င်း၏ နေအိမ်အရှေ့ခန်း အမြင့်ပေ ရှစ်ပေခန့်ရှိသည့် ခေါင်မိုးထုပ်တန်းတွင် ပုခက်ဆင်ထားသည့် တစ်မတ်လုံးခန့်ရှိသော ပလတ်စတစ်ကြိုးကို ကြိုးကွင်းပြုလုပ်ကာ ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဖိနပ်ချုပ်သမားတစ်ဦး ငွေကြေးအခက်အခဲကြောင့် မိမိကိုယ်ကို သတ်သေ - သစ်ထူးလွင် (နေ့စဉ်သတင�
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1vQ6pwP
Comments
Post a Comment