Skip to main content

အာဖဂန်သမ္မတလောင်း အသေခံဗုံးခွဲ တိုက်ခိုက်ခံရ ကဘူး၊ ဇွန် ၆ အာဖဂန်သမ္မတ ရွေးကောက်...



အာဖဂန်သမ္မတလောင်း အသေခံဗုံးခွဲ တိုက်ခိုက်ခံရ



ကဘူး၊ ဇွန် ၆



အာဖဂန်သမ္မတ ရွေးကောက်ပွဲတွင် ရှေ့ဆုံးမှ ဦးဆောင်နေသည့် သမ္မတလောင်း အဒူလာအဒူလာ၏ ယာဉ်တန်းကို ပစ်မှတ်ထား အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့သော်လည်း သမ္မတလောင်း ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။



မင်္ဂလာခန်းမ တစ်ခုတွင် ပြုလုပ်သော ရွေးကောက်ပွဲ စုဝေးမှုမှ သမ္မတလောင်း အဒူလာ ထွက်ခွာလာချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ရုန်းရင်းဆန်ခတ် ဖြစ်မှုများ၊ ဖရိုဖရဲဖြစ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ သမ္မတလောင်း အဒူလာမှာ ဗုံးခွဲမှုမှ သီသီလေး လွတ်မြောက်သွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။



“ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ထိခိုက်ဒဏ်ရာ မရရှိပါဘူး။ စိတ်မကောင်းဖို့ ကောင်းတာက လုံခြုံရေးတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်” ဟု အဒူလာက ဗုံးခွဲတိုက်ခိုက်မှု အပြီးတွင် ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားလိုက်သည်။



သို့သော်လည်း အရပ်သားနှစ်ဦး သေဆုံးသွားပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း အာဖဂန်တပ်ဖွဲ့က ပြောကြားသည်။



ဗုံးခွဲတိုက်ခိုက်မှုမှ ဘေးအန္တရာယ် ကင်းရှင်းစွာ လွတ်မြောက်ခဲ့ကြောင်း ဖော်ပြနိုင်ရန် သမ္မတလောင်း အဒူလာက တိုက်ခိုက်မှု အပြီးတွင် ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက် မိန့်ခွန်းပြောကြားခဲ့သည်။



မည်သည့် အုပ်စုကမျှ တိုက်ခိုက်မှု လုပ်ဆောင်ကြောင်း ထုတ်ပြန်သွားခြင်း မရှိသော်လည်း တာလီဘန် စစ်သွေးကြွအဖွဲ့ကမူ အာဖဂန် ရွေးကောက်ပွဲကို တိုက်ခိုက်မည်ဟု မကြာခဏ ခြိမ်းခြောက်ထားသည်။



ပထမအကြိမ် ဗုံးခွဲမှုကို ကားတစ်စီးအတွင်းရှိ အသေခံ ဗုံးခွဲသမားက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကဘူးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသော်လည်း ဒုတိယဗုံးခွဲမှုကို မည်ကဲ့သို့ လုပ်ဆောင်သွားကြောင်း ရှင်းလင်းစွာ မသိရသေးပေ။



ယခုကဲ့သို့ တိုက်ခိုက်ခြင်းမှာ အာဖဂန်သမ္မတလောင်း တစ်ဦးအပေါ် ရွေးကောက်ပွဲ ကာလအတွင်း ပထမဆုံးအကြိမ် ပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်သည်ဟု ကဘူးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။



အာဖဂန်သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့ကို လာမည့် ရက်သတ္တပတ်တွင် ကျင်းပမည် ဖြစ်ပြီး သမ္မတလောင်းများက လူထုစုဝေးမှုများကို ကဘူးမြို့တော်နှင့် နိုင်ငံတစ်ဝန်းတွင် လုပ်ဆောင်လျက် ရှိချိန်တွင် အသေခံဗုံးခွဲမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။



အဒူလာ၏ ပြိုင်ဘက် သမ္မတလောင်းဖြစ်သူ အာရတ်ဂါနီကလည်း ဗုံးခွဲတိုက်ခိုက်မှုကို Twitter ပေါ်တွင် ပြစ်တင် ရှုတ်ချလိုက်သည်။



ဧပြီလအတွင်း ကျင်းပခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် မည်သည့် ကိုယ်စားလှယ်ကမျှ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော် ရရှိအောင် လုပ်ဆောင်နိုင်ခြင်း မရှိခြင်းကြောင့် ဇွန် ၁၄ ရက်နေ့တွင် ဒုတိယအကျော့ ရွေးကောက်ပွဲ ဆက်လက် လုပ်ဆောင်ရခြင်း ဖြစ်သည်။







from The Voice Weekly's Facebook Wall http://ift.tt/1pP9xbu

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...