"ချင်းလက်ရက် ရက်ကန်း အထည်ဝတ်စုံပြည့်တစ်စုံစာ
သိန်းခြောက်ဆယ်ကျော် ကုန်ကျကာ ပြည်ပထိ ဈေးကွက်ထိုးဖောက်"
ချင်းပြည်နယ်ရှိ တစ်ပိုင်တစ်နိုင် ရက်ကန်းအထည်များ အနေဖြင့် ပြည်ပဈေး ကွက်အထိ တင်ပို့ဖြန့်ချိနေရကြောင်း ရက်ကန်းခတ်သူ ချင်းတိုင်းရင်းသူ တစ်ဦး ဖြစ် သည့် ဒေါ် မိုင်ဗျက်ထားမွှေးက ပြောသည်။ချင်းပြည်နယ်တွင် စက်ရက်ကန်းစင်များမရှိသော်လည်း ဂျပ်ခုပ်ဟုခေါ်သော ရက်ကန်းစင်မလိုသည့် တပိုင်တနိုင် ရက်ကန်းလုပ်ငန်း လုပ် ကိုင်သူများ ရှိနေပြီး အဆိုပါ ရက်ကန်းလုပ်ငန်းများမှ ချင်းရိုးရာအထည်ဆန်းများ ရက်လုပ်ကာ
ရေမြေခြားနိုင် ငံများမှ ချင်းတိုင်းရင်းသားများ အသုံးပြုနိုင်ရန်အတွက်
သြ စတေးလျ၊အမေရိကန်စသည့် နိုင်ငံကြီးများအထိ ပို့ဆောင်ပေးနေရသည်။
”ချင်းပြည်နယ်မှာ ကိုယ့်ရိုးရာဝတ်စုံ တွေကို ကိုယ်တိုင်ရက်လုပ် ဝတ် ဆင်ခဲ့ကြတာ အခုမှမဟုတ်ပါဘူး။ ကြာပါပြီ။ အခုလည်း ကိုယ့်ဟာကို ဂျပ်ခုပ် ရက်တယ်။ ရက်ကန်း စင်မလိုဘူး။ အများဆုံး ကျွန်မတို့ အထည် တွေကို အိန္ဒိယ၊ သြစတေးလျနဲ့ အမေရိ ကားကို ပို့ပါတယ်” ဟု ဂျပ်ခုပ်ရက်ကန်း လုပ်ကိုင်သူ ဒေါ်မိုင်ဗျက်ထားမွှေးက ပြောသည်။
ချင်းရိုးရာဝတ်စုံများ ရက်လုပ်ရန်ချည်မှာ Teri Cotton, Thawri စသည့် ပုံဖော်ချည်ရောင်စုံချည်များအား အများဆုံး အိန္ဒိယပြည်နယ် မီဇိုရမ်မှမှာယူ ရက်လုပ်ကြရပြီး ချင်းရိုးရာလုံချည်နှစ်နံစပ် တစ်ထည်အတွက် တစ်ပတ်ကြာရက်လုပ် ရကာ အရှည် ၄ တောင်နှင့် အနံ ၃ တောင်ကျော် ရှိကြောင်း သိရသည်။ချင်းရိုးရာ တဘက်စ တစ်ထည် လျှင်လည်း အရှည် ၄ဝ လက်မနှင့် အနံ ၂ဝ လက်မ ရှိကာ ၂ ရက်ကျော်ကြာ ရက်လုပ်ရသည်။ ချင်းရိုးရာ လုံချည်နှင့် အင်္ကျီဈေးနှုန်းများအနေဖြင့် အမြင့်ဈေး ဝမ်းဆက် ခုနစ်သိန်းထိရှိပြီး အနိမ့်ဈေး နှစ်သောင်းကျော်အထိရှိကာ ချင်းရိုးရာဝတ်စုံ အပြည့်အစုံ အစစ်ဝတ်လိုသူများ တစ်စုံစာ သိန်း ၆ဝ ကျော်အထိ ကုန်ကျမည်ဖြစ်ပြီး
အနိမ့် ဝတ်စုံပြည့် ဝတ်ဆင်လိုသူများအနေဖြင့် ကျပ်သုံးသိန်း နီးပါးအထိကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ချစ်သူမောင်
from Popular Myanmar News Journal's Facebook Wall http://ift.tt/1oGQpZy
Comments
Post a Comment