Skip to main content

ရွေးကောက်ပွဲမ၀င်ရဘဲ ခန့်အပ်ကိုယ်စားလှယ်များကို လွှတ်တော်တွင် မဲပေးဆုံးဖြတ်ခွင့်မျ...



ရွေးကောက်ပွဲမ၀င်ရဘဲ ခန့်အပ်ကိုယ်စားလှယ်များကို လွှတ်တော်တွင် မဲပေးဆုံးဖြတ်ခွင့်များ မပေးရန် ဒေါ်စုပြော



မောင်သင်တုန်း



တောင်ငူ၊ မဇ္ဈိမ။ ။ လွှတ်တော်များထဲတွင် ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ထားခြင်းမရှိသည့် ကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသော်လည်း အရေးကြီးကိစ္စများ မဲခွဲဆုံးဖြတ်ရာတွင် ယင်းကိုယ်စားလှယ်များကို ဆုံးဖြတ်ပိုင်ခွင့်များ မရှိသင့်ဘူးဟု လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းကို ဦးတည်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်ငူမြို့ အားကစားကွင်းတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ၌ ပြောဆိုလိုက်သည်။



"လွှတ်တော်ထဲမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေ ပါလို့ရှိရင် ပါပါစေ။ ဒါပေမယ့် အဓိကကျတဲ့ ကိစ္စတွေမှာတော့ မဲပေးပိုင်ခွင့် မရှိသင့်ဘူးလို့ ကျွန်မကတော့ ဒီလိုပဲ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲ ကိုယ်စားလှယ်ဆိုတာ ပြည်သူကို ကိုယ်စားပြုတယ်၊ ဒါကြောင့်မလို့ ပြည်သူကို ကိုယ်စားပြုသောအားဖြင့် ပြည်သူအတွက် မဲပေးတာပဲ ဖြစ်သင့်တယ်"ဟု ဒေါအောင်ဆန်းစုကြည်က ပြောသည်။



နိုင်ငံအချို့ရှိ လွှတ်တော်များတွင်လည်း ပြည်သူလူထုက မဲပေးပြီး ရွေးချယ်တင်မြှောက်ထားခြင်း မရှိသည့် လွှတ်တော်ကိုယ်စားလှယ်များကို သတ်မှတ်ထားသည့် အရည်အချင်းများ

ပြည်စုံပြီး ပညာအရ ကျွမ်းကျင်းမှုအရ အထောက်အကူပေးနိုင်သည့် ကိုယ်စားလှယ်များ ထားရှိသော်လည်း ယင်းကိုယ်စားလှယ်များသည် မဲပေးဆုံးဖြတ်ပိုင်ခွင့်မရှိပေ။



"ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူက ရွေးချယ်တင်မြှောက်တာမဟုက်ဘဲနဲ့ ၂၅ ရာခိုင်နှုန်းသော နေရာပေးမယ် ဆိုရင် ကျွန်မဘယ်တော့မှ လက်မခံဘူး။

လက်မခံတဲ့အကြောင်းက ရိုးရိုးပါပဲ၊ ကျွန်မတို့ပါတီရဲ့ သိက္ခာအတွက်လည်း လက်မခံဘူး။ ပြည်သူလူထုကို လေးစားခြင်းအားဖြင့် လက်မခံဘူး" ဟု ဒေါ်အောင်းဆန်းစုကြည်က ပြောသည်။



ယင်းသို့ ပြောခြင်းသည် လွှတ်တော်ထဲရှိ တပ်မတော်သား ကိုယ်စားလှယ်များကို ခွဲခြားပြီး ပြောဆိုနေခြင်းမဟုက်ဘဲ ပြည်သူရွေးချယ်တင်မြောက်ထားသည့် ကိုယ်စားလှယ်များနှင့် ပြည်သူ ရွေးချယ်တင်မြှောက်ထားခြင်း မရှိသည့် ကိုယ်စားလှယ်ဟု ခွဲခြားပြောနေခြင်း သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယင်းအချက်သည် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတွင် အရေးကြီးသော အချက်တစ်ခုဖြစ်သည့် တပ်မတော်နှင့် ပြည်သူကြား ပြန်လည်ကြည်ဖြူရေးကို ဦးတည်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။



နိုင်ငံတစ်နိုင်ငံကို ကာကွယ်ရန် တပ်မတော်ဆိုတာ လိုအပ်သော်လည်း တိုင်းပြည်သည် တပ်မတော်၏ အစေခံမဖြစ်ရဘဲ တပ်မတော်သာလျှင် တိုင်းပြည်ရဲ့အစေခံဖြစ်ရမည်ဟုလည်း ပြောဆိုသွားသည်။



"တပ်မတော်ကို မုန်းတီးလို့ ၄၃၆ကို ပြင်ချင်တာမဟုက်ပါဘူး။ တပ်မတော်သား ကိုယ်စားလှယ်များအနေနဲ့ မယူထားသင့်တဲ့ အခွင့်အရေးကို မယူစေချင်လို့။ တစ်နည်းအားဖြင့် တပ်မတော်ရဲ့ သိက္ခာကို ငဲ့ပြီးတော့ ကျွန်မတို့ ပြုပြင်ပြောင်းလဲချင်တာဖြစ်ပါတယ်လို့ ကျွန်မတို့ ပြောချင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။



မြန်မာနိုင်ငံရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချူပ်၏ ခန့်အပ်မှုဖြင့် ကိုယ်စားလှယ် ၂၅ ရာခိုင်းနှုန်းအထိရှိသည်။ အဆိုပါ လွှတ်တော် ကိုယ်စားလှယ်များကို မဲပေးဆုံးဖြတ်ပိုင်ခွင့်များပေးထားသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်အတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲများကို ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူခရိုင်နှင့် ရေတာရှည်မြို့နယ်များအတွင်း ဟောပြောခဲ့ခြင်းဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1iV6SWA

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...