အိုင်အာရ်အိုင်အစီရင်ခံစာကို မျက်နှာချင်းဆိုင်မေးခွန်းထုတ်
ခင်ငြိမ်းသစ်| တနင်္လာနေ့၊ ဇွန်လ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်
အမေရိကန်အခြေစိုက် IRI (Inter-national Republican Institute) ထုတ်ပြန်သည့် သုတေသနစာတမ်း တစ်ခုဖြစ်သည့် “ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်က ပိုလူကြိုက်များသည်” ဟူ သည့်အချက်ပါ စာတမ်းအား မျက်နှာချင်းဆိုင် ပြန်လည်ချေပသည့်ပွဲကို တော်ဝင်နှင်းဆီခန်းမတွင် ဇွန်လ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။
မောင်သံဒိုင် (ဘောဂဗေဒ)က တောင်သူလယ်သမားတို့ ကြုံတွေ့နေရသည့် ဆင်းရဲနွမ်းပါးမှုနှင့် မြေသိမ်းခံ ကိစ္စများ အစီရင်ခံစာတွင် မပါဝင်သည်ကို မေးခွန်းထုတ်ခဲ့သည်။
စစ်တမ်းတွင် ပညာမတတ်သူ၊ သေစာရှင်စာတတ်သူနှင့် မူလတန်းအဆင့်တတ်သူများကို ၆၉ ရာခိုင်နှုန်းအထိ မေးမြန်းခဲ့ပြီး အချို့မေးခွန်းများသည် ပညာတတ်သူအချို့ပင် ဖြေဆိုရန်ခက်ခဲလှသည်ဟုလည်း စစ်တမ်းအပေါ် တုံ့ပြန်ပြောဆိုကြသည့် စာရေးဆရာဖေမြင့်၊ ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်တို့က ပြောကြားခဲ့သည်။
ဆရာဖေမြင့်က မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လမ်းမှန်သို့ရောက်နေပြီဟု စစ်တမ်းပါ မေးခွန်းကို မေးမြန်းစဉ် ပြန်လည်မေးခွန်းထုတ်သူရှိ၊ မရှိ သိလိုသည်ဟု ဆိုသည်။ ထို့ပြင် လိုချင်ရာကို ဆွဲထားခြင်းလောဟု ပြောကြသည်။ အမေရိကန် သံရုံးမှတာဝန်ရှိသူနှင့် အိုင်အာရ်အိုင်အဖွဲ့မှ အကြီးအကဲတို့တက် ရောက်ခဲ့သော်လည်း တုံ့ပြန်ပြောဆိုမှု မပြုခဲ့ပေ။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1kFioFb
Comments
Post a Comment