Skip to main content

ဒီအချိန်ရောက်လာရင်ကွယ် ဖောက်ဖောက်လာတယ် အောင်ချိန်ဘွား (ဆောင်းပါး) မီဒီယာတွေကနေ...



ဒီအချိန်ရောက်လာရင်ကွယ် ဖောက်ဖောက်လာတယ်



အောင်ချိန်ဘွား



(ဆောင်းပါး) မီဒီယာတွေကနေ ဒုတိယသမ္မတကြီးက ဆင်းရဲမွဲတေမှု ဘယ်လောက် လျှော့ချမယ်လို့ မိန့်ကြားတာကို ဖတ်လိုက်ရတာ မကြာသေးပါဘူး။ အခုရက်ပိုင်း၊ အောက်ခြေ လူတန်းစားတွေ ယောက်ယက်ခတ်နေ ကြတာကို တွေ့ကြရတယ်တဲ့။



ဘာလုပ်ကြတာလဲလို့ဆိုပြီး သိချင်တဲ့ လူတွေက စပ်စုတယ်။ အပေါင်ဆိုင်လို့ ခေါ်တဲ့ အသေးစားချေးငွေ ဌာနတွေမှာ ပွက်စီပွက်စီနဲ့ တရုန်းရုန်း ဖြစ်နေကြတာ ကိုး။ စောင်တွေ၊ ခြင်ထောင်တွေကို မိုးဦးကျခြင်ထ ချိန်နဲ့ အအေးစချိန်မှာ လာပေါင် ကြတယ်လို့။ ပုဆိုး၊ထဘီကအစ နည်းနည်း ပိုရတဲ့ ဓာတ်မီးပူတို့ လက်ကိုင် ဖုန်းတို့အထိ ပေါင်နှံပြီး ငွေချေးနေကြရရှာတယ်။



ဆင်းရဲနွမ်းပါးရတဲ့အထဲ အတိုးပေးပြီး ငွေချေးရတော့ အချို့ဆို ရှိစုမဲ့စုပစ္စည်းလေး အပေါင်ဆုံးလို့ ကုန်ပါ လေရော။ နေပါဦး အခုရက်ပိုင်းလေးမှာ ဘာကြောင့် ဒီလောက် ငွေကျပ်နေကြရပါလိမ့်။ ဘာအတွက် ငွေ လိုအပ်နေကြပါလိမ့်။ လူလတ်တန်းစားနဲ့ အထက်တန်းစားတွေ ဘယ်သိမှာလဲ။ အခု မိုးရာသီဝင်ပြီလေ။ မိုးဦး သိပ်မကောင်းပေမယ့် မွန်းလွဲပိုင်းဆို ရွှေမိုးကညိုကလေရော မိုးရောထထ ကြမ်းတတ်ပြီလေ။ ရန်ကုန် မြို့ရှိ လမ်းကြီးလမ်းငယ်၊ လမ်းမလမ်းသွယ် အားလုံးရေမြှုပ်တဲ့အထိ မိုးကြီးတတ်တာလေ။မိုးကြီးတော့ ဘာဖြစ်တာလဲ။ လမ်းဘေးဈေးသည်တွေ ဘယ်လိုလုပ် ရောင်းရ တော့မှာလဲပေါ့။ မိုးထဲလေထဲ ဈေးခင်းလို့ ဖြစ်မလား။ လာဝယ်သူရော ရှိမလား။ ခေါက်ပြန်တိုးနဲ့ ၀ယ်ထားတဲ့ သားငါးပုစွန်၊ သစ်သီးဝလံ၊ ဟင်းရွက် ကန်စွန်း ရောင်းမရ လို့ငွေမပေါ်ရင် ဆယ်ရာခိုင်နှုန်း အတိုးကြီး ဘာနဲ့ဆပ်ရမှာလဲ။ နောက်ထပ် မချေးမှာ စိုးလို့ ရှိတာလေးပြေးပေါင်ပြီး ဆပ်ရတာ တစ်မျိုး၊ နေ့တွက် ၀င်ငွေမကိုက်လို့ စားစရိတ် အတွက်နဲ့ ကလေး ကျောင်းစရိတ်အတွက် ငွေလိုတာက တစ်ဖုံမဟုတ်လား။



ကလေးကျောင်းစရိတ်ဆိုလို့ ကျောင်းတွေ ဖွင့်ပြီဆိုတာ သိမှာပေါ့။ အရင်နှစ်တွေကလို ကျောင်းဝင်ကြေးတို့၊ ဆရာမိဘကြေးတို့၊ ဟိုကြေးဒီကြေးတို့ မကောက်တော့တဲ့ အပြင် ကျောင်းလခ အလယ်တန်း အခမဲ့ ပညာ ရေးစပြီမို့ မပေးရဘူး မဟုတ်လား။ ဘာအတွက် ငွေကုန်ကြေးကျ များဦးမှာလဲ တဲ့။ ဟုတ်တယ် အများကြီး သက်သာသွားပေမယ့် ပေးစရာလေးတွေ ရှိသေးတယ်လေ။



အထူးသဖြင့် ကျောင်းဖွင့်စမှာ ကျောင်း ၀တ်စုံ၊ အကျီအဖြူ၊ လုံချည်အစိမ်း အသစ် နည်းနည်းလောက် ၀ယ်ရတယ်။ လွယ်အိတ် ၀ယ်ရတာ ရှိတယ်။ မမေးမဖြစ် ပေးနေရတဲ့ မုန့်ဖိုး ပေးနေရတယ်။ သားသမီး သုံးလေး ယောက်ဆိုရင် နင့်နေရော။ အခြေအနေ နည်းနည်းကောင်းရင် ကျူရှင်ခ၊ ၀ိုင်းခ၊ ဂိုက်ခလေးတွေ စပြီလေ။



နောက်ပြီး မိုးဦးမစခင်က ရာသီဥတု အရမ်းပူတယ်။ မိုးလည်းရွာရော မိုးမိခံရတဲ့ အောက်ခြေ လူတန်းစား အဆင့်ကလူတွေ၊ မိုးထဲလေထဲ လုပ်ကိုင်သွားလာရတဲ့လူတွေ အအေးမိ၊ အအေးပတ်၊ အပူရှပ်ပြီး ဖျားနာ ကြရော၊ ဆေးရုံတို့ ဆေးခန်းဖိုးတို့ ကုန်ပြန် ရော အကုန်အကျစရိတ်တွေ များလာတဲ့ အချိန်ကိုက်ပြီး ၀င်ငွေ ကကျရသေး။ မိုးမ ကျခင် ဆောက်လုပ်ရေး လုပ်ငန်းတွေက လုပ်သားအများကြီးသုံးပြီး လုပ်နေကြတာ ရယ်။ ဒီအလုပ်က ပင်ပန်းပေမယ့် အောက် ခြေလုပ်သားတွေအတွက် မက်လောက်တဲ့ အခ၀င်ငွေ ဖြစ် တယ်။ ဒီနှစ် ပန်းရံသမား၊ လက်သမားတွေများ နောက်လိုက်လေး တောင် တစ်နေ့ ကျပ် ၄,၀၀၀၊ လက် ထောက်ဆို ၇,၀၀၀၊ ဆရာဆို ၁၀,၀၀၀၊ ကနေ့ ၁၂,၀၀၀။ မဆိုးဘူး။ ဒါပေမဲ့ မိုးလည်းကျ ရော ချက်ချင်း အလုပ်လက်မဲ့ဖြစ်ကုန်တာ များမှများ။ မိုးကြောင့် အလုပ်အကိုင် ပါးရ တာကို စာပေနဲ့ ဆက်စပ်တာလေး ပြောရရင် လမ်းဆုံအချက်ပြမီး ဧရိယာတွေမှာ ဂျာနယ် တွေ လက်ပွေ့ရောင်းတဲ့ လူငယ်တွေလည်း ပါ တယ်။ မြောက်ဥက်္ကလာ မြို့နယ်ကနေ တစ်မြို့လုံးဖြန့်ကျက်ပြီး လိုက်ပြီး လက်ပွေ့ ရောင်းသူတွေ အယောက် ၄၀၀ ကျော် ရှိတယ်။ စံပယ်ပန်း ရောင်းတဲ့လူငယ်တွေ လည်းရှိတယ်။ မိုးကျလာလို့ အလုပ် ပါးတဲ့ လက်လုပ်လက်စားနဲ့ မိသားစုတွေ မျိုးစုံ အောင်များတယ်။ ဒီနေ့ နိုင်ငံတော်အတွက် ၀င်ငွေကောင်း နေတဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကို လေ့လာတဲ့အခါ နှစ်စဉ်နှစ်တိုင်း ဇွန်လမှာ ၀င်ရောက်လာသူ အနည်း ဆုံးဖြစ်တယ်။ ဒါကြောင့် သွယ်ဝိုက်တဲ့နည်း နဲ့ ဆက်စပ်လုပ်ကိုင်တဲ့ လုပ်သားတွေ ၀င်ငွေလျော့ တဲ့အချိန် ဖြစ်တယ်။



တစ်ဖက်က ၀င်ငွေလျော့နေချိန်မှာ ထွက်ငွေ အသုံးစရိတ်ကလည်း တက်သေးတယ်။ လူဦးရေ အများစု ဖြစ်တဲ့ လယ်သမား တွေဟာ မိုးဦးကျမှ ထွန်ယက်စိုက်ပျိုးရေး စကြရတော့မှာမို့ ငွေကုန်ကြေးကျ အရင်း အနှီးများတော့မယ်။ စိုက်စရိတ်ရတာ ရှိသလို ကြုံရာကချေးငှားကြရတာလည်း ရှိတယ်။



မိဘတွေအနေနဲ့ ခုရက်ပိုင်း ဆယ်တန်း အောင်စာရင်းထွက်လို့ သားသမီးတွေ ပညာရေးဆက်တက်္ကသိုလ် တက်တာရှိရင် ကုန်ကျစရိတ် အရမ်းထောင်းတာပဲ။ မတတ် နိုင်တဲ့ မိဘတွေလည်း သားသမီး ပညာရေး အတွက်ဆိုတော့ ငွေချေးတန် ချေးကြရတာ ရှိတယ်။ အဲဒါ ခုအချိန်မှာ အပို ဒါမှမဟုတ် ပိုပြီး ကုန်ကျတဲ့အဖြစ်တွေပါ။



ဒီလိုရာသီဖြစ်တဲ့မိုးကြောင့် ဖြစ်တဲ့ ပိုမို ကုန်ကျစရိတ်အပြင် အခုအခါ ထွက်ငွေ ပိုများစေတဲ့ ကုန်ကျစရိတ် အထင်အရှား ရှိတယ်။ အခုနှစ် ဧပြီလကစပြီး ၀န်ထမ်း တွေ လစာတိုးပေးတယ်။ အစိုးရ ၀န်ထမ်း တွေကတော့ တစ်လ ကျပ် ၂၀,၀၀၀ ပိုရပေ မယ့် ၀န်ထမ်းမဟုတ်တဲ့ အများပြည်သူတွေ က လစာတိုးမှုရဲ့ သက်ရောက်မှုကြောင့် ကုန်ဈေးနှုန်း တက်လာတဲ့ဒဏ်ကို အခုမှ သိသိသာသာ စခံကြရတာ။ ဒါ့အပြင် လျှပ် စစ်ဓာတ်အားခတွေ တက်လာလိုက်တာ ဧပြီလ မတိုင်ခင်ထက် နှစ်ဆပိုပြီး ဆောင်ကြ ရတာများတယ်။ ဒါနဲ့ တစ်ဆက်တည်း ဓာတ်ဆီ ဈေးနှုန်း ထပ်တက်လာတာကြောင့် ကုန်ဈေး နှုန်း ပိုတက်တာလည်း ပါတယ်။ ဓာတ်ဆီ ဈေးက လွန်ခဲ့တဲ့ တစ်လကျော်ကမှ တစ်လီ တာကို ကျပ် ၁၀ တိုးခဲ့ရာက ခု မကြာခင် လေးက တစ်လီတာ နောက်ထပ် ကျပ် ၁၀ တိုးလာတယ်။



ဓာတ်ဆီဈေးတက်လာရင် သယ်ယူပို့ ဆောင်ရေးစရိတ်တက်တော့ ကုန်ဈေးနှုန်း လိုက်တက်တာပဲ။ ဓာတ် ဆီနဲ့ လျှပ်စစ်ဓာတ် အားဆိုတာ သယ်ယူပို့ဆောင်ရေးနဲ့ ကုန် ထုတ်လုပ်ရေးကို တိုက်ရိုက် သက်ရောက်မှု ရှိတယ်။ ထုတ်ကုန်တွေလည်း အခုမှစ ဈေးတက်တာကိုး။



စီးပွားရေးဆိုတာ အချိတ်အဆက်တွေ ရှိတယ်။ ယှက်နွှယ် ဆက်စပ်နေတယ်။ သက်ရောက်မှုတွေ ရှိတယ်။ အခု သက်ရောက် မှုဟာ ၀န်ထမ်းလစာတိုးခြင်းနဲ့ လျှပ်စစ် ဓာတ်အားခ မြင့်ခြင်းကနေ ဖြစ်လာတာ။ ကုန်ဈေးနှုန်းတက်တိုင်း ဆင်းရဲနွမ်းပါးသူ တွေ ပိုဆင်းရဲစေတယ်။



အခုလောလောဆယ် ၀ါဝင်တော့မယ်။ အိမ်ခြံမြေ တိုက်ခန်းဈေးတွေ တက်လာတယ်။ ၀ါမ၀င်ခင် ပြောင်းရွှေ့ကြရမှာမို့Demand ၀ယ်လိုအား မြင့်လာတာနဲ့အမျှ ကုန်ဈေးနှုန်း တက်တော့တာပဲ။ တိုက်ခန်းဈေးနှုန်း တက်လာတဲ့အချိန် တက်ဈေးလိုက် မပေးနိုင်ရင် ဖယ်ခံရတယ်။ မရှိဆင်းရဲသားတွေဟာ သူများအိမ်အဖီမှာ ငှားနေတာတို့ မြေ ငှားပြီး တဲထိုးနေတာတို့ လုပ်ကြရတယ်။ ခုအချိန်မှာ အဲဒီ နေစရိတ်တက်လို့လည်း ဟိုဟာပြေးပေါင်၊ ဒီမှာပြေးချေး လုပ်နေကြရတာ ဖြစ်ပါတော့တယ်။







from Mizzima - News in Burmese's Facebook Wall http://ift.tt/1pAbSEc

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...