ဂျာမနီတောင်ပံကစားသမား မာကိုရူးစ် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်
ဇွန် ၆ ရက်က အာမေးနီးယား အသင်းနှင့်ကစားခဲ့သည့် ခြေစမ်းပွဲတွင် ခြေ ချင်းဝတ်ဒဏ်ရာရရှိခဲ့သော ဂျာမနီတောင်ပံ ကစားသမား မာကိုရူးစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်တော့မည်ဖြစ်ကြောင်း သိရသည်။ မာကိုရူးစ်သည် ယင်းပွဲတွင် ပထမပိုင်းပြီးခါနီး၌ ၀ဲဘက်ခြေချင်းဝတ်၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပိုဒေါစကီးနှင့်လူစားလဲကာ ဆေးရုံသို့ ချက်ချင်းသွားရောက်ခဲ့ရကြောင်း သိရသည်။ ဆေးစစ်မှုများပြုလုပ်ပြီးနောက် မာကိုရူးစ် အနေဖြင့် ကမ္ဘာ့ဖလားတွင်ပါဝင်ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ကြောင်း ဂျာမနီဘောလုံးအဖွဲ့ချုပ်က ဇွန် ၇ ရက်တွင် အတည်ပြုကြေညာခဲ့သည်။ ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုးသည် ၎င်း၏နေရာတွင် ဆမ်ဒိုးရီးယား နောက်ခံလူ မူစတာဖီကို အစားထိုးခေါ်ယူခဲ့ကြောင်း သိရသည်။
from Eleven Media Group's Facebook Wall http://ift.tt/1kVCIlA
Comments
Post a Comment