လူဝတ်လဲခံရသည့် ဖမ်းဆီးခံသံဃာငါးငါး အာမခံရ၍ သာသနာ့ဘောင်ပြန်ဝင်မည်
မဇ္ဈိမသတင်းဌာန
ရန်ကုန်(ဇွန် ၂၀)။ ။ မဟာသန္တိသုခကျောင်းတိုက်ဖမ်းဆီးပြီး လူဝတ်လဲခံထားရသည့် သံဃာငါးပါး မှာ တရားရုံးတွင် အာမခံရ၍ သံဃဝိနည်းနှင့်အညီ သာသနာ့ဘောင်သို့ ပြန်လည်ဝင်ရောက်ရန်စီစဉ်ထားသည် ဟု ထိုနေရာတွင် ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က သတင်းပေးပို့သည်။
သန္တိသုခကျောင်းတိုက်အနီးရှိ သုံးထပ်ကျောင်းတွင် ဝိနည်းနှင့်အညီ သိမ်ဝင်မည်ဖြစ်ပြီး ယင်းနောက် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ဆက်လက်ပြုလုပ်မည်လည်းဖြစ်သည်။
အဆိုပါ သံဃာငါးပါးကို အာမခံပေးလိုက်သော်လည်း အမှုဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/UlDDGF
Comments
Post a Comment