Skip to main content

ပညာရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာပြပွဲကျင်းပမည် ဇာနည်အောင် ရန်ကုန်၊မဇ...



ပညာရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာပြပွဲကျင်းပမည်



ဇာနည်အောင်



ရန်ကုန်၊မဇ္ဈိမ။ ။ Dagon Exhibitions Limited၏ ဒုတိယ အကြိမ်မြောက် ပညာရေးနှင့် အလုပ်အကိုင် အခွင့်လမ်းဆိုင်ရာပြပွဲကို

ဇွန်လ၂၀ရက် မှ၂၂ရက်ထိ နံနက်၉နာရီမှ ညနေ ၅နာရီအထိ ရန်ကုန်မြို့ ဦးဝိစာလမ်းရှိ တပ်မတော်ခန်းမတွင် သုံးရက်တိုင် ကျင်းပ

သွားမည်ဟု Dagon Exhibitions Limited ၏ Marketing Executive ဦးမြင့်ဇော်က ပြောသည်။



အဆိုပါ ပြပွဲခေါင်းစဉ်မှာ “The 2nd Education and Career 2014’’ ဖြင့် နိုင်ငံတကာမှ ကျောင်းများ၊ ပြည်တွင်းမှ သင်တန်းကျောင်းများ၊

ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပညာရေးနှင့် ဆက်စပ်သော ပစ္စည်းများ၊ အလုပ်အကိုင်ဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ကုမ္ပဏီများက

ကျင်းပသွားမည်ဖြစ်သည်ဟု ၎င်းကဆို သည်။



“အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ကျောင်းများ ပါဝင်ပြသမှာ ဖြစ်တဲ့အတွက် ကျောင်းသားလူငယ်တွေအတွက် ပညာရေး အခွင့်အလမ်းကောင်းများ ရွေးချယ်နိုင်ဖို့နဲ့ ပညာရေးဆိုင်ရာ အချက်အလက်တွေကို တစ်နေရာထဲ လေ့လာနိုင်မှာဖြစ်ပါတယ်"ဟု ဦးမြင့်ဇော်က ပြောသည်။



ပြည်တွင်းပြည်ပရှိ တက္ကသိုလ်များ နှင့် ကောလိပ်များ၊ ပြည်တွင်းမှ ပုဂ္ဂလိကကျောင်းများ၊ ပညာရေးသင်တန်း ကျောင်းများ၊ စီးပွားရေးနှင့်

စီမံခန့်ခွဲမှု သင်တန်းကျောင်းများ၊ နည်းပညာဆိုင်ရာ သင်တန်းကျောင်းများ၊ နိုင်ငံခြားဘာသာ သင်တန်းကျောင်း များ၊ နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့် သင်တန်းကျောင်းများ၊ အနုပညာနှင့် ပတ်သက်သော သင်တန်းကျောင်းများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ သင်တန်းကျောင်းများ၊ ပညာရေး အတိုင်ပင်ခံ သင်တန်းကျောင်းများ၊ အင်ဂျင်နီယာ သင်တန်းကျောင်းများ၊ ဆေးပညာဆိုင်ရာသင်တန်းကျောင်းများ၊ အသက်မွေးကျောင်းဆိုင်ရာ သင်တန်းကျောင်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ စာအုပ်စာပေများ၊ စာရေးကိရိယာ အမျိုးမျိုး တို့ကို ထိထိရောက်ရောက် သိစေရန်နှင့် ပညာရေးကဏ္ဍပိုမိုမြင့်မားစေရန် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း Dagon Exhibitions Limited မှ သိရသည်။



အဆိုပါပြပွဲတွင် နိုင်ငံတကာ တက္ကသိုလ် ၇၀ခန့် ပါဝင်ပြသမည်ဖြစ်သည်။ အဆိုပါကုမ္ပဏီမှ ၂၀၁၃ခုနှစ် အတွင်းကလည်း မင်းဓမ္မလမ်းရှိ မြန်မာ

ကွန်ဗားရှင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1pzNTIK

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...