Skip to main content

ပြင်ပဆေးရုံမှ သူနာပြုကို ပါးရိုက်သည့်ဆရာဝန် ကန်တော့ပွဲဖြင့် တောင်းပန်ရ



ဆွေမျိုးသားချင်းကျန်း မာရေးကိစ္စအတွက် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ ရောက်ရှိလာ သည့် ဌာနဆိုင်ရာဝန်ထမ်း လက် ထောက်ဆရာဝန်အမျိုးသမီးက ယင်းဆေးရုံရှိ သူနာပြုဆရာမတစ် ဦးကို ပါးရိုက်ခဲ့သဖြင့် ကန်တော့ ပွဲဖြင့် တောင်းပန်ခဲ့ရကြောင်း သ တင်းရရှိသည်။

မေလ ၂၉ ရက်က နန်း တော်ဆေးရုံ ပြင်ပလူနာစမ်း သပ်ခန်းတွင် မန္တလေးဆေးရုံကြီးမှ လက်ထောက်ဆရာဝန် အမျိုးသ မီးတစ်ဦးသည် ၎င်း၏ ဦးလေးဖြစ် သူ ကျန်းမာရေးစစ်ဆေးရန် အ တွက် ရောက်ရှိနေသည်။ ထိုဆ ရာဝန်အမျိုးသမီးသည် တံခါးဝ တွင် ရပ်နေပြီး ဆေးရုံမှ သူနာပြု ဆရာမတစ်ဦးက အခန်းအတွင်းသို့ဝင်ရန် တံခါးကို တွန်းဖွင့် လိုက်ရာ အခန်းအတွင်းရှိ ဆရာ ၀န်အမျိုးသမီးကို ထိမိခဲ့သဖြင့် သူနာပြုဆရာမက တောင်းပန် သော်လည်း ကျေနပ်ခြင်းမရှိဘဲ ဖြစ်ပွားပြီး မိနစ်အနည်းငယ် အကြာတွင် သူနာပြုဆရာမရှိရာသို့ သွားကာ ပါးရိုက်ခဲ့ ခြင်းဖြစ်သည်။ ပါးရိုက်ပြီးနောက် မိမိမှာ မန္တလေးဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တစ်ဦးဖြစ်သည်ဟု ပြောဆိုခဲ့သည်ဟု နန်းတော်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းဝင်းကပြောသည်။


ထိုဖြစ်စဉ်ကြောင့် နှစ်ဦးနှစ် ဖက် အပြန်အလှန်တရားစွဲဆိုရန် စီစဉ်ခဲ့ကြသော်လည်း နှစ်ဖက် မိခင်များ ညှိနှိုင်းမှုကြောင့် ပါးရိုက် သော လက်ထောက်ဆရာဝန်က ဇွန်လ ၅ ရက်တွင် ရိုးရာအုန်းပွဲ ငှက်ပျောပွဲများဖြင့် တောင်းပန်ခဲ့ ပြီး လူသိများသည့် သတင်းစာများတွင်လည်း ကြော်ငြာထည့်သွင်းတောင်းပန်မည်ဟု သိရကြောင်း ဒေါက်တာသန်းဝင်းက ပြောကြားသည်။ အဆိုပါ ပြဿနာမှာ လုပ် ငန်းခွင်ပြဿနာမဟုတ်ဘဲ ဧည့် သည်နှင့် တာဝန်ကျဝန်ထမ်းဖြစ် ပွားသည့် ပြဿနာတစ်ခုသာဖြစ် ကြောင်း ဒေါက်တာသန်းဝင်းက ပြောသည်။


‘‘သူ့ရဲ့ အပြုအမူဟာ ဆရာ ၀န်အားလုံးရဲ့ အပြုအမူကို ကိုယ် စားပြုတာလည်း မဟုတ်ဘူး။ ဒါ ပေမဲ့ ဆရာဝန်နာမည်ပျက်ကိန်း တော့ လုပ်သွားတာ’’ ဟု ဒေါက် တာသန်းဝင်းက ပြောသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ မန္တလေးပြည်သူ့ဆေးရုံ ကြီးသို့ ဆက်သွယ်မေးမြန်းရာ ဆေးနှင့် လူမှုဆက်ဆံရေး အရာ ရှိ ဦးမင်းလွင်က ‘‘ကြားတော့ ကြားပါတယ်။ ဂဃနဏတော့ မသိပါဘူး။ ဆရာဝန်မှာလည်း ဆ ရာဝန်နဲ့ပတ်သက်တဲ့ ကျင့်ဝတ်ရှိ တာပဲ။ အပြန်အလှန်လေးစားမှု နဲ့ လုပ်မယ်ဆိုရင် အကောင်းဆုံး ပါပဲ’’ ဟု ပြောကြားသည်။


အဆိုပါဖြစ်စဉ်မှ ကာယကံ ရှင် ဆရာဝန်နှင့် သူနာပြုဆရာမ အား ဆက်သွယ်မေးမြန်းရန် ကြိုး စားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။


Author: ညီညီဇော်

7DAY DAILY











ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသည့် သူနာပြုကို ကျူးလွန်ခဲ့သော လက်ထောက်ဆရာဝန်က ကန်တော့ပွဲဖြင့် တောင်းပန်နေစဉ် (ဓာတ်ပုံ - Aung Ha Ppy)





from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uwgxKt

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3