ယူအန်အက်ဖ်စီနှင့် ပြည်ထောင်စုညီလာခံကျင်းပရေး ကော်မတီတို့ ချင်းမိုင်တွင် တွေ့မည်
ရွှေရည်ဝင်းထက်
ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နှင့် ပြည်ထောင်စု ညီလာခံ ကျင်းပရေး
အကောင်အထည်ဖော်ရေးကော်မတီတို့ ဇူလိုင် ၃ရက်နှင့် ၄ရက်တို့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံကြရန် စီစဉ်ထားသည်ဟု အကောင်အထည်
ဖော်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးတိုးကျော်လှိုင်က မဇ္ဈိမကိုပြောသည်။
ယင်းသည် ဇွန် ၂၆ရကက စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ)နှင့် ရန်ကုန်မြို့၊ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဆွေးနွေးပြီးနောက် သဘောတူနိုင်ခဲ့ခြင်း လည်းဖြစ်သည်။
“အဲဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေတန်းတူညီမျှရှိမှု၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးမှာ လက်တွဲလုပ်ဆောင်ရမယ့် ကိစ္စတွေနဲ့
ပတ်သက်ပြီး ဆွေးနွေးခဲ့တာပါ"ဟု ၎င်းကဆိုသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ ရလာဒ်အရ ယူအန်အေဘက်မှ အဖွဲ့ဝင် ငါးဦးစီနှင့် ပြည်ထောင်စု ညီလာခံ ကျင်းပရေး အကောင်အထည်ဖော်ရေး
ကော်မတီနှင့် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးကော်မတီတို့မှ ကိုယ်စားလှယ်ငါးဦးစီ ရွေးချယ်၍ ယူအန်အက်ဖ်စီနှင့် တွေ့ဆုံကြမည်ဖြစ်သည်။
"လူရွေးတာကတော့ ကိုယ့်ဖက်ကလူ ကိုယ်ရွေးမယ်ဆိုတဲ့ သဘောတူညီချက်တစ်ခုလည်း ရရှိခဲ့ပါတယ်"ဟု ယူအန်အေအဖွဲ့ဝင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။
ထို့ပြင် ယနေ့အချိန်သည် နိုင်ငံ၏ အရေးကြီးသည့် ကာလသို့ ရောက်ရှိနေပြီဖြစ်၍ အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး ဆက်လက်
ဆွေးနွေးကြရန် သဘောတူခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ ယူအန်အေဘက်မှ ဦးခွန်ထွန်းဦး ဦးဆောင်သည့် အဖွဲ့ဝင် ၉ ဦးနှင့် ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ အကောင်
အထည်ဖော်ရေး ကော်မတီမှ ဦးမင်းကိုနိုင် ဦးဆောင်သည့် အဖွဲ့ဝင် ၉ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1wEyAPF
Comments
Post a Comment