၂၇.၆.၂၀၁၄ ရက်နေ့ ၀၆၀၀ အချိန် တိုက်ကြီးမြို့နယ်၊ ဥက္ကံရဲစခန်းမှ တပ်ဖွဲ့ ၀င်များသည် တိုက်ကြီး မြို့နယ်၊ ချောင်းစောက်ကျေးရွာအရှေ့ဘက်(၂)မိုင် ခန့်အကွာရှိ ကျွန်းစိုက်ခင်းတောစပ်လျှိုအနီးတွင် အမျိုးသမီးတစ်ဦးကို တောဆင်ရိုင်း(၁)ကောင်မှ နှာမောင်းဖြင့်ရစ်ပတ်ကာ ကိုင်ပေါက်ခံရကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ကျွန်းစိုက်ခင်း ခြံစောင့်ဖြစ်သူ ချောင်းစောက် ကျေးရွာနေ ဦးအောင်ဒင်၏ဇနီး ဒေါ်သေးတင်၊ (၆၁)နှစ်မှာ ၀မ်းဗိုက်ပေါက်ထွက်၊ ခါးရိုးကျိုး၊ ၀ဲလက်ကျိုးဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၂၆.၆.၂၀၁၄ရက်နေ့၁၈၃၀အချိန်ခန့်တွင် သေဆုံးသူနှင့် ခင်ပွန်းဖြစ်သူ တို့မှာ အဆိုပါတောထဲရှိသစ်ပင်ပေါ်၌ပြုလုပ်ထားသော လင့်စင် ပေါ်တွင်ရှိနေစဉ် တောဆင်ရိုင်း(၁)ကောင်ရောက်ရှိလာပြီးလင့်စင်ထိုးထားသည့် သစ်ကိုင်းကိုဆွဲချသဖြင့် သေဆုံးသူနှင့်ခင်ပွန်း ဖြစ်သူတို့မှာ အောက်သို့ပြုတ်ကျသွားခဲ့ကြောင်း၊ တောဆင်ရိုင်းမှသေဆုံးသူအား နှာမောင်းဖြင့် ရစ်ပတ်ကာ
ကိုင်ပေါက်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူဦးအောင်ဒင်မှာ လွတ်မြောက်သွားခဲ့ပြီး ၎င်းတွင်လည်း လင့်စင်ပေါ်မှပြုတ်ကျခဲ့သည့်အတွက် ရင်ပတ်နှင့်ညှပ်ရိုးပွန်းဒဏ်ရာ ယာဘက်နံရိုးနှင့်ပေါင်တို့တွင် နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ ဒေါ်သေးတင် သေဆုံးခဲ့ရသည့်အတွက်ဥက္ကံနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qUPb1i
Comments
Post a Comment