Skip to main content

လူရည်ချွန်ဟောင်းများက ရန်ကုန်မြို့ရှိ လေလွင့်ကလေး သုံးရာကျော်ကို ပညာပေး ဟောပြာပွ...



လူရည်ချွန်ဟောင်းများက ရန်ကုန်မြို့ရှိ လေလွင့်ကလေး သုံးရာကျော်ကို ပညာပေး ဟောပြာပွဲ ပြုလုပ်မည်



ရန်ကုန်၊ ဇွန် ၆



အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှင့် ကင်းကွာနေသော ရန်ကုန်မြို့တော်ရှိ လေလွင့်ကလေးသူငယ် သုံးရာကျော်ကို လှိုင်သာယာမြို့နယ်၊ သောင်ကြီး ပရိယတ္တိစာသင်တိုက်တွင် ကျန်းမာရေးနှင့် ဘဝတိုးတက်ရေး အသိပညာပေး ဒုတိယအကြိမ် ဟောပြောပွဲ ပြုလုပ်ရန် လူရည်ချွန်ဟောင်းများ အဖွဲ့က စီစဉ်နေကြောင်း အဆိုပါအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက The Voice သို့ ပြောကြားသည်။



အဆိုပါ ဟောပြောပွဲကို ဇွန်လ ၈ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး လာရောက်သော ကလေးသူငယ်များအတွက် တစ်ကိုယ်ရေ ကျန်းမာရေး စစ်ဆေးပေးကာ အခြေခံအသုံးအဆောင်များ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။



သွားနှင့် ခံတွင်း ကျန်းမာရေး၊ တစ်ကိုယ်ရေ ကျန်းမာရေး အခြေအနေများကို စစ်ဆေးရန် ကလေးအထူးကု ဆရာဝန်ကြီး ဗိုလ်မှူးကြီး ကေသီထွန်း အပါအဝင် ဆရာဝန်များက ကူညီပံ့ပိုးမည် ဖြစ်ကြောင်း လူရည်ချွန်အဖွဲ့ (၁၉၆၄-၁၉၈၈) ထံမှ စုံစမ်းသိရှိရသည်။



လှိုင်သာယာမြို့နယ်ရှိ လေလွင့်ကလေးငယ်များအတွက် ဟောပြောပွဲ အစီအစဉ်များကို ၂၀၁၄ ခုနှစ်ဆန်းပိုင်းက စတင်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် ပြုလုပ်မည့် ဟောပြောပွဲသည် ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လေလွင့်ကလေးသူငယ် ၃၆၀ ကျော်ကို အသိပညာပေး ပံ့ပိုးမှုများ ပြုလုပ်ထားကြောင်း ဒေါက်တာတင်မျိုးဝင်းက The Voice သို့ ပြောဆိုသည်။



“တတ်နိုင်တဲ့ ဘက်ကနေ တစ်နိုင်တစ်ပိုင် လုပ်တာ ဝမ်းသာပါတယ်။ စနစ်တကျနဲ့ ကလေးအားလုံးကို ထိထိရောက်ရောက် လုပ်ပေးနိုင်ဖို့လဲ မျှော်လင့်တယ်” ဟု မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် စီမံကိန်း ဒါရိုက်တာ ဦးအာကာစိုးနောင်က ဆိုသည်။



မြန်မာတွင် ကျောင်းပြင်ပ ရောက်ရှိနေသူ ကလေးသူငယ်များအတွက် ပညာရေး ဝန်ကြီးဌာနက ကျောင်းပြင်ပ ပညာရေး မူလတန်းကျောင်းများ ဖွင့်လှစ်ခဲ့သော်လည်း အလှူရှင် လိုအပ်ချက်ကြောင့် မြို့နယ်တိုင်းတွင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးချေ။



သို့သော် အရပ်ဘက် အဖွဲ့အစည်း အချို့နှင့် ရွှေ့ပြောင်းပညာရေး အဖွဲ့အစည်းများက ကလေးလုပ်သားနှင့် လေလွင့်ကလေးသူငယ်များအတွက် အသိပညာပေး ပညာရေး အစီအစဉ်များကို ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ပိုမိုတိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါ အသိုင်းအဝိုင်းမှ သိရသည်။



မြန်မာနိုင်ငံတွင် လေလွင့်ကလေးသူငယ်ရေးရာအတွက် ပညာရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့က အဓိက ဖြေရှင်းပေးလျက် ရှိသည်။







from The Voice Weekly's Facebook Wall http://ift.tt/1kKK8Og

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...