ဆယ်နှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ငွေကြေးခဝါချမှုများမှ ကျပ် ဘီလျံ ၂ဝ ခန့် သိမ်းဆည်းနိုင်ခဲ့
Written By ဝင်းကိုကိုလတ်
နေပြည်တော်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ငွေကြေးခဝါချမှုများပေါင်း ၄၉ မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး ၂၂ မှုကို ဖော်ထုတ်အရေးခဲ့ရာ နိုင်ငံ့ဘဏ္ဍာအဖြစ် ကျပ်ငွေ ၁၉,၉၉၄ ဒဿမ ၁၂ သန်း(ကျပ် ဘီလျံ ၂ဝ ခန့်)ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇွန်လ ၂၆ရက်က ကျင်းပသည့် ၂၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးမှ ရရှိသည့်ငွေကြေးများ ထိန်းချုပ်နိုင်ရန်အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ပြဌာန်းပြီး တည်ဆဲဥပဒေနှင့် အညီ စုံစမ်းစစ်ဆေးခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာမှ ယင်းကဲ့သို့ ကျပ်ဘီလျံ ၂ဝ ခန့်ကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/TlKbnN
Comments
Post a Comment