လှုပ်လှုပ်ရှား သူတို့ပုံရိပ်များ
ကျော်ထွဋ်ဆွေ
ဒုတိယစီးရီးဖြစ်တဲ့ အရူးတစ်ယောက်ရဲ့ ဒဏ္ဍာရီ တေးစီးရီးအယ်လ်ဘမ် ထွက်ရှိဖို့ စီစဉ်နေပါတယ်။အဲဒီထဲမှာ အရင်ဆိုနေကြ
ဂီတအမျိုးအစားတွေဘဲ ပါဝင်သီဆိုထားပါတယ်။ သီချင်းအားလုံး ၁၂ ပုဒ်ပါဝင်ပါတယ်။
ဂျောက်ဂျက်
ဒုတိယစီးရီးဖြစ်တဲ့ တိုင်းသိပြည်သိ တေးစီးရီးအယ်လ်ဘမ်ကို MTV ရိုက်ကူးနေပါတယ်။ ဒါရိုက်တာက ဝင်းလွင် ထက် ၊ ကောင်းမြတ်တို့နဲ့ပါ။ ဒီစီးရီးကို စက်တင်ဘာလမှာ ထွက်ရှိဖို့အတွက် စီစဉ်ထားပါတယ်။ နောက်ပြီး တော့ တတိယ တေးစီးရီးအတွက်လည်း စီစဉ်နေပါတယ်။
နန်းသူဇာ
Friends တေးစီးရီးအယ်လ်ဘမ် အတွက် MTV ရိုက်ကူးနေပါတယ်။ အမြန်ဆုံးထွက်ရှိအောင်လည်း ကြိုးစားစီစဉ် နေပါတယ်။ လတ်တလောကတော့ သီချင်း ၂ ပုဒ် ရိုက်ကူးပြီးသွားပါပြီ။ လာမယ့် ဇွန် ၁၄ ရက်နေ့မှာ ဘရာဇီးမှာ Let Go Progrem အဖွဲ့နဲ့ သွားရောက်ဖို့ရှိပါတယ်။
မေ
ညီမ ပြင်ဦးလွင်မှာ ကားရိုက်ကူးပြီးတော့ အခုပြန်လာပါတယ်။နောက်ပြီးတော့ ညီမရဲ့ ပထမဦးဆုံး သီချင်းခွေ အတွက်လုပ်နေပါတယ်။အဲဒီအခွေကို
စက်တင်ဘာလလောက် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ သီချင်း အမျိုးအစား အားလုံးပါဝင်မှာပါ။ ခေါင်းစဉ်က မပေးရသေးပါဘူး။
ပိုပို
ဒုတိယအခွေအတွက် လုပ်ဆောင်နေပါတယ်။ နယ်ရှိုးတွေလည်းဆိုတယ်။ ရန်ကုန်ရှိုးတွေလည်း ဆိုပါတယ်။ သီချင်းတွေလည်း ရေးသားနေပါတယ်။ ဒုတိယအခွေ အတွက် ခေါင်းစဉ်ကိုတော့ လောလောဆယ် ကျွန်မချစ်သူ လို့တော့ ယာထားပါတယ်။ အတည်တော့ မဖြစ်သေးပါဘူး။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1kPYRqb
Comments
Post a Comment